အချစ်က နံပါတ်(၁) ပဲ။

အချစ်ရေးနဲ့ ပတ်သက်လာရင် အရမ်းတည်ငြိမ်လွန်းတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ သူမ ခံယူထားတဲ့ အချစ်ရေးအကြောင်းကို အခုလို ပြောလာပါတယ်။ 

Photo: Phyu Phyu Kyaw Thein



အဆိုတော် ဖြူဖြူကျော်သိန်းကတော့ အချစ်ရေးနဲ့ ပတ်သက်လာရင် လက်ရှိမှာ ချစ်သူ မရှိသေးဘူးလို့ သိရပါတယ်။ သူမကိုယ်တိုင် ခံယူထားတဲ့ အချစ်ရေးမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေဖို့က နံပါတ်(၁) အရေးကြီးတဲ့ အရာတစ်ခုဖြစ်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ဖြူဖြူလေ အမြဲတမ်းပြောဖူးတယ် ဘာကြီး ဖြစ်ရမယ်၊ ညာကြီး ဖြစ်ရမယ်လို့ မတွေးဘူး။ ဒါကိုလည်း တအိအိ ထိုင်စဉ်းစားမနေဘူး။ ငါ ဘယ်လူမျိုးကိုမှ ယူမယ်၊ ဘယ်နိုင်ငံသားကိုမှ ယူမယ်၊ ပညာတတ်မှ ယူမယ်၊ ချမ်းသာမှ ယူမယ်၊ အနုပညာသမား အချင်းချင်းမှ ယူမယ်၊ အပြင်က လူပဲ ယူမယ် တို့ လုံးဝ မရှိဘူး။ ဖြူဖြူ့ အတွက် အရမ်းအရေးကြီးတာက အချစ်၊ ချစ်ဖို့ လိုတယ်။ ကိုယ့်ကို ချစ်လို့ ကိုယ့်အနား ရောက်လာတဲ့ လူတွေ ထဲကမှ ကိုယ် မေတ္တာပြန်ပြီး ပေးနိုင်တဲ့ လူမျိုးကိုမှ ချစ်ရတာပေါ့။ အရေးကြီးတာက ကိုယ် ပြန်ပြီးတော့ ချစ်နိုင်တာ မချစ်နိုင်တာက အရေးကြီးတယ်။ အချစ်က နံပါတ်(၁) ပဲ။ နောက်တစ်ခုက လူလွတ်ဖြစ်ရမယ်။ ဒါတွေက အဓိက ကျတယ်။ ကိုယ့်အပေါ် ကောင်းဖို့တော့ အရေးကြီးတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Dior

ဖြူဖြူကျော်သိန်းရဲ့ အစ်မဖြစ်သူကတော့ နိုင်ငံခြားသားနဲ့ ဖူးစာဆုံခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဖြူဖြူကျော်သိန်းကတော့ သူမရဲ့ ဖူးစာရှင်ကို ဘယ်လို လူမျိုးမှ ရွေးချယ်မယ် ဆိုတာကို မသတ်မှတ်ထားတဲ့ အကြောင်း ပြောပြလာပါတယ်။ 

“ မမညိုကလည်း နိုင်ငံခြားသားကိုမှ ယူမယ်ဆိုပြီးတော့ စဉ်းစားပြီး ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ ကိုယ်နဲ့ ဖူးစာဖက်တဲ့ လူကိုပဲ ယူကြရတာလေ။ ကိုယ်က အတင်းကို ဘာလိုချင်ပါတယ်၊ ညာလိုချင်ပါတယ် လုပ်တိုင်းလည်း ဖူးစာမပါလို့ရှိရင် ဖြစ်နိုင်တာမှ မဟုတ်တာ။ ဒါက ဘဝက ပေးလာတဲ့ အနေအထား၊ အခြေအနေလို့ ပြောလို့ရတာပေါ့။ ကိုယ့်ဘဝရဲ့ အချိုးအကွေ့တွေဆိုတာ အဲဒီဘဝအခြေအနေမှာ တွေ့ကြုံလာတဲ့ အနေအထားပေါ်ပဲ မူတည်ပြီးတော့ ဖြစ်လာတဲ့ အချိန်၊ အဲဒီအချိန်မှာပဲ ဆုံးဖြတ်လှုပ်ရှား ပဲ့ကိုင်ပြီးတော့ သွားကြရတာဆိုတော့ ကြိုတင် စဉ်းစားခဲ့တာမျိုးတွေ မရှိပါဘူး” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Phyu Phyu Kyaw Thein

“တတိယမြောက် ရည်းစားစကားနိဒါန်း” ဆိုတဲ့ သီချင်းကို အဆိုတော် ဘိုဘိုဟန်ရဲ့ ဂီတဖျော်ဖြေပွဲမှာ စပြီး သီဆိုခဲ့ချိန်က ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ ဖြူဖြူကျော်သိန်း ဟာ အခုချိန်မှာတော့ ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့လာပါပြီ။ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ တစ်ကိုယ်တော်အခွေတွေလည်း အများကြီး ထွက်ရှိထားတာ ဖြစ်သလို တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ဖူးသူဖြစ်ပြီး ဂီတသက်တမ်း (၁၇) နှစ်အကြာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က