အခက်အခဲတွေ အမြဲကြုံရပါတယ်။

G Fatt ကတော့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ကြိုးစားပြင်ဆင်နေရတဲ့အချိန်မှာ အချစ်ရေးအကြောင်း တွေးမိရင် စိတ်မကောင်းဖြစ်တယ်လို့ဆိုပါတယ်။ သူ့အတွက်ကတော့ အမြဲတမ်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါတဲ့။

G Fatt က ပရိသတ် သိချင်နေတဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ သူဟာ မန္တလေးမှာလုပ်မယ့် တစ်ကိုယ်တော် Show ပွဲအတွက် ပြင်ဆင်နေရတာကြောင့် အချစ်ရေးကိစ္စအတွက် စိတ်မကောင်းဖြစ်နေရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“ကျွန်တော့်ကို အချစ်ရေးအကြောင်းတွေ ဝိုင်းမေးကြရင် ဖြေစရာ အကြောင်းပြချက်မရှိတာထက် ပိုပြီးတော့ စိတ်မကောင်းဖြစ်ရတာတွေ၊ စိတ်ညစ်ရတာတွေ အများကြီးဖြစ်ပါတယ်။ ပွဲအတွက် အာရုံစိုက်နေရတာ များတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ဘာမှ မပြောချင်သေးပါဘူးခင်ဗျာ။ ပွဲမှာ စိတ်ထည့်ထားတာ ဖြစ်တဲ့အတွက် ဒီ ဖိအားက အရမ်းကြီးပါတယ်။ အချစ်ရေးကတော့ ကျွန်တော် တစ်ယောက်တည်းပါပဲ။ ဒီ Show ပွဲကြီး ပြီးသွားတော့မှ ကျန်တာ ဆက်ပြောကြတာပေါ့။” လို့ သူကဆိုပါတယ်။

Photo: A Linn Young

G Fatt ဟာ သူ့အနေနဲ့ ဘယ်ကိစ္စမဆို လုပ်တဲ့အရာရာတိုင်းမှာ အခက်အခဲတွေ များတယ်လို့ ရင်ဖွင့်လာပါတယ်။ အခုလည်း ဒီအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရမှာပါဆိုပြီးတော့ နိုဝင်ဘာလ ၂၅ ရက်နေ့က Mandalay Show စာနယ်ဇင်းရှင်းလင်းပွဲမှာ ဖြေဆိုခဲ့တာပါ။

“ရန်ကုန်မှာ Show ပွဲလုပ်တုန်းကလည်း မိုးတွေရွာချလိုက်တာ ကမ္ဘာကိုပျက်နေတာပဲ။ အခု မန္တလေးပွဲလည်း နှင်းတွေများကြဦးမလားပေါ့။ ကျွန်တော်က တစ်ခုခုလုပ်ရင် နောက်တစ်ခုခုက အမြဲတမ်းအခက်အခဲဖြစ်တယ်။ အဲဒီအခက်အခဲကို ကျော်ပြီးမှပဲ ဘယ်အရာမဆို လုပ်လို့ရတယ်။ ဒီနှစ်လည်း စီစဉ်နေရင်းနဲ့တင် အခက်အခဲအများကြီး ကြုံတယ်။ အဲဒါတွေကို အကောင်းဆုံး တည်တည်ငြိမ်ငြိမ်လေးနဲ့ ကျော်ဖြတ်နေပါတယ်’’ လို့ သူကဆိုပါတယ်။

G Fatt က ချစ်သူဖြစ်တဲ့ နန်းဆုရတီစိုးနဲ့ ချစ်သူသက်တမ်း ၂ နှစ်ကျော်အကြာထိ လက်တွဲခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း အချစ်ရေးက ထိလွယ်ရှလွယ်တဲ့ အခြေအနေဖြစ်နေတယ်လို့ နန်းဆုရတီစိုးက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ G Fatt ဟာ မန္တလေးမှာပြုလုပ်မယ့် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒါကတော့ သူ့အတွက် မန္တလေးမှာ ပထမဆုံးပြုလုပ်တဲ့ တစ်ကိုယ်တော် Show ပွဲဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ခဲ့ရတဲ့ အချိန်တွေလည်း အများကြီးရှိတယ်လို့ G Fatt က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: A Linn Young

G Fatt ဟာ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို အမြဲတမ်း Surprise လုပ်တတ်သူတစ် ယောက်ပါ။သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က