အင်တာဗျူးတွေလည်း မဖြေတော့ဘူး။ ဖေ့စ်ဘွတ်မှာလည်း မတင်တော့ဘူး။
Sabal Thwin

ထွန်းထွန်းဟာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေမှာလည်း ဖြေတော့မှာ မဟုတ်သလို လူမှုကွန်ယက်တွေပေါ်မှာလည်း တင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ၂၀၂၀ မှာတော့ ထွန်းထွန်းရဲ့ အချစ်ရေးအကြောင်းတွေကို ပရိသတ် သိရတော့မှာ မဟုတ်ပါဘူး။

Photo: Tun Tun

ထွန်းထွန်းကတော့ သူ့ရဲ့ အချစ်ရေးအကြောင်းတွေကို ဘယ် Social Media ပေါ်မှာ မတင်တော့ဘူးလို့ ဆိုပါတယ်။ သတင်း မီဒီယာတွေမှာလည်း အချစ်ရေး အင်တာဗျူးတွေ ဖြေတော့မှာ မဟုတ်ပါဘူးတဲ့။

"မင်္ဂလာပါ...ကျွန်တော့်ရဲ့ လူမှုရေးကိစ္စဖြစ်တဲ့ အချစ်ရေး အချစ်ရာများကို ၂၀၂၀ကနေစပြီးပြည်ဖုံးကားချလိုက်ပါပီ. ဘယ် Interview ဘယ် Media ဘယ် Social platforms တွေမှာ မှ မရေး၊ မတင်သလို ဖြေဆိုချင်းလည်းမပြုလုပ်တော့ပါဘူးခင်ဗျာ။ ချစ်သော စာနယ်ဇင်း ဆရာ/ဆရာမ ညီငယ် ညီမငယ်များ အားလုံးကိုလည်း ဒီနေရာကနေ ပန်ကြားပါတယ်။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ" ဆိုပြီးတော့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Tun Tun

ထွန်းထွန်းကတော့ ချစ်သူအသစ်ရနေပြီဆိုတဲ့အကြောင်းကို မကြာသေးခင်က သူ့ရဲ့ Facebook Story မှာ အရိပ်အမြွတ်ပြသခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် လက်ရှိ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးကို မီဒီယာတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

‘’ကျွန်တော် ထာဝရ စိုပြေနေပါတယ်။ စိုစိုပြေပြေဖြစ်အောင်လည်းနေပါတယ်။ တော်တော်များများကိုလည်းအကောင်းမြင်တဲ့စိတ်နဲ့ပဲ တွေးပါတယ်။ အခြေအနေနဲ့ အကြောင်းတွေက ဘာတွေဖြစ်လာမလဲမသိရသေးတဲ့အတွက် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မဖြေချင်သေးပါဘူး။ သေချာတာ တစ်ခုကတော့ ကျွန်တော်နေတဲ့ပုံစံက ကျွန်တော်ပဲ ဖြစ်နေဦးမှာပဲ။ ကျွန်တော်ရည်းစားထားလို့ အရင်လိုမျိုး လုပ်မယ် မလုပ်ဘူူးဆိုတာ အာမ မခံနိုင်ပါဘူး။ ကျွန်တော့်ပုံစံအတိုင်းပဲ ကျွန်တော် နေထိုင်သွားမှာပါ’’ လို့ သူကဆိုပါတယ်။

ထွန်းထွန်းရဲ့ အချစ်ရေးကိုတော့ ပရိသတ်တွေက စိတ်ဝင်တစားရှိလှပါတယ်။ ထွန်းထွန်းကိုယ်တိုင်ကလည်း အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။

‘’ ကျွန်တော်လည်း မငယ်တော့ဘူးဆိုတော့ လုပ်စရာရှိတဲ့ အလုပ်တွေလည်း လုပ်နေတာဖြစ်သလို အိမ်ထောင်ပြုဖို့ရည်ရွယ်ချက် ရှိတဲ့အတွက် အိမ်ထောင်ဖက်တော့ ရှာရမှာပဲ။ အရာရာကို အကောင်းဘက်ကပဲ တွေးပါတယ်။ အချစ်ကြောင့်လည်းမဟုတ်ပါဘူး။ ဖြစ်လာတယ် မဖြစ်လာဘူးဆိုတာကတော့ ကံတရားပဲပေါ့’’ လို့ ဆိုပါတယ်။

Photo: Tun Tun

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က