ဘာမဆို ဖြစ်သွားနိုင်တဲ့ အခြေအနေတစ်ခုပါတဲ့။
Ei Ei Myat

 သူမချစ်တဲ့သူဆီက လိုချင်တာ ဂုဏ်တွေငွေတွေအောင်မြင်မှုတွေမဟုတ်ဘူးလို့ဆိုပါတယ်။ လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သူမက ပြောပြခဲ့ပါသေးတယ်။

 

Photo : နန်းဆုရတီစိုး

ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးရဲ့ အချစ်ရေးက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ အချစ်ရေးတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးရဲ့ အချစ်ရေးက တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးစိတ်ကောက်တဲ့ အချိန်တွေ ရှိသလို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ခွင့်လွှတ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိလို့နေတယ်လို့ သိရပါတယ်။ ထိလွယ်ရှလွယ် ဖြစ်နေတဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း နန်းဆုက ယခုလို ပြောပြခဲ့ပါသေးတယ်။

“လက်ရှိအခြေအနေက ထိလွယ်ရှလွယ် တဲ့ အခြေအနေမျိုးပေ့ါနော်။ ဘာမဆို ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးပေ့ါနော်။ စိတ်ဆိုးရတာတွေ တွေးမိတိုင်းစိတ်ဆိုးစရာတွေ ပေါ်လာတဲ့ ကိစ္စတွေ ခွင့်မလွတ်နိုင်တဲ့ ကိစ္စတွေ အဲ့လိုမျိုး အခြေအနေအပေါ်မှာ အတတ်နိုင်ဆုံး ခေါင်းအေးအေးထားပြီး စိတ်အေးအေးထား ပြီး သွေးအေးအေးလေးနဲ့ ဘယ်လိုမျိုး စဉ်းစားဆုံးဖြတ်ရမလဲဆိုတဲ့ အနေအထားပါ”လို့ သူမက ဆိုပါတယ်။

Photo : နန်းဆုရတီစိုး

သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး G Fatt ဘက်က အဆင်ပြေတယ်လို့ အင်တာဗျူးမှာ ပြောနေတဲ့အပေါ်ကိုလည်း သူမက “အဆင်ပြေတယ်ဆိုတာက အဆင်မပြေတဲ့အချိန်တွေကို နည်းနည်းဖြတ်သန်းပြီးခဲ့ပါပြီ။ ကြားထဲမှာ ပြန်တောင်းပန်လိုက် ချစ်တဲ့ စိတ်ကလေးနဲ့ ပြန်ခွင့်လွှတ်လိုက် နဲ့ အဆင်ပြေသွားတဲ့ အချိန်တွေ ကို ဖြတ်သန်းလာရတဲ့ အခြေအနေတစ်ခုပါ”လို့ သူမက စက်တင်ဘာ(၉) ရက်နေ့ညက Fashion Show ပွဲ တက်ရောက်ရင်း မီဒီယာတွေရဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

Photo : RBV

အချစ်ရေးနဲ့ ပတ်သက်ပြီး သူမသတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ စံနှုန်းတွေအများကြီးမရှိပေမယ့် သူမလိုချင်တာက မေတ္တာတရား၊ သစ္စာတရားနဲ့ ကိုယ်ချင်စာတရားရှိဖို့ပါပဲလို့ ဆိုပါတယ်။

“Relationship တစ်ခုနဲ့ တစ်ခုနဲ့က စံထားတဲ့ ပုံစံချင်း မတူညီကြဘူး။ နန်းဆုက အချစ်နဲ့ ပတ်သက်ပြီး မေတ္တာတရားရယ်၊ သစ္စာတရားရယ်၊ကိုယ်ချင်းစာတရားရယ် ပဲ လိုချင်တယ်။ ဂုဏ်တွေငွေတွေ ပကာသနတွေကို အချစ်ဆီက ဘာမှ မလိုချင်ဘူး။ အောင်မြင်မှုတွေလည်း မဟုတ်ဘူး ။ နန်းဆုလိုချင်တဲ့ ထဲက တစ်ခုခု မရှိတော့ဘူးဆိုရင် အဆင်မပြေနိုင်ဘူးပေ့ါလေ။ ကိုယ်ခွင့်မလွှတ်နိုင်တဲ့ ကိစ္စတွေ ကို ချစ်တဲ့ စိတ်တစ်ခုနဲ့ အကြိမ်ကြိမ် ခွင့်လွှတ်ပေးလာတဲ့ နောက်ပိုင်းမှာ ဒီဟာတွေက လုပ်လို့ရပါလားဆိုပြီး ဖြစ်သွားတာပေ့ါ။ တောင်းပန်လိုက်ရင် ရပါတယ်ဆိုတဲ့အနေအထားကိုတော့ ချစ်တဲ့စိတ်နဲ့ ထပ်ပြီး ခွင့်လွှတ်ပေးဖို့ နားလည်ပေးဖို့ အဆင်မပြေနိုင်တော့ဘူးပေ့ါ”လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : AlinnYaung

အကယ်၍ သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အဆင်မပြေတော့ဘူးဆိုရင်လည်း အဆင်မပြေတော့ဘူးဆိုတဲ့ အကြောင်းကိုပဲ ဖြေချင်ပါတယ်လို့ ဆိုပါတယ်။ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကိုတော့ မပြောပြချင်ဘူးလို့ သူမက ပြောပါတယ်။

G Fatt က နန်းဆုရတီစိုးအတွက် အနုပညာအလုပ်တွေကို ပံ့ပိုးပေးသလို နန်းဆုကလည်း G Fatt အတွက် လိုအပ်တဲ့ အရာတွေကို ပံ့ပိုးပေးတဲ့ ချစ်သူတစ်ဦးပါ။ သူတို့ရဲ့ ချစ်သူစုံတွဲလေးက ချစ်သူသက်တမ်း ၂ နှစ်ကျော်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ အနုပညာနယ်ပယ်မှာ အောင်မြင်မှု ကိုယ်စီ ရရှိထားသူတွေလည်းဖြစ်ပါတယ်။ G Fatt ဆိုရင်လည်း မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ လူငယ်အဆိုတော် တစ်ဦးဖြစ်ပြီး သူကိုယ်တိုင် ရေးတဲ့ သီချင်းများနဲ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော်တစ်ဦးပါ။ အဲဒီလိုပဲ နန်းဆုရတီစိုးဟာ သရုပ်ဆောင်လောကမှာသာမက အဆိုပိုင်းမှာလည်း အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။


က္က