သူမရဲ့ အချစ်ရေးအကြောင်း အခုလို ပြောပြလာပါတယ်။

ချစ်သူက ဂေးဖြစ်နေရင်တောင် လက်ခံနိုင်တယ်ဆိုတဲ့ သရုပ်ဆောင် ဖူးပွင့်သခင်က သူမရဲ့ လက်ရှိ အချစ်ရေး အကြောင်းကို ပြောပြလာပါတယ်။ 

Photo: Phoo Pwint Thakin



ဖူးပွင့်သခင်ကတော့ "ချစ်သူက ဂေးဖြစ်နေရင်တောင် လက်ခံနိုင်တယ်"ဆိုတဲ့ သူမရဲ့ အင်တာဗျူး အဖြေလေးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်စိတ်ဝင်စားမှု အများကြီးရှိခဲ့ပါတယ်။ ဒီ စကားလေးကို ဖြေဆိုခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း Duwun ကနေ အခုလို ပြောပြလာပါတယ်။ 

“ ဒါကို အပျော်လေး ဖြေလိုက်ပေမယ့်လည်း အဲဒါက မြန်မာ မိန်းကလေးတွေအတွက် ဖြေပေးလိုက်တာပါ။ ညီမ ပတ်ဝန်းကျင်မှာ အသည်းကွဲတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်။ သစ္စာဖောက်သွားတာ၊ ယောင်္ကျားတွေက မကောင်းကြဘူးလေ။ အသည်းကွဲတဲ့ သူတွေကလည်း တကယ်လို့ ဖောက်ပြန်ရင်တောင် မိန်းကလေးနဲ့ ဖောက်ပြန်တာ ယောင်္ကျားလေးနဲ့ ဖောက်ပြန်ရင်တောင် ဖြေသာသေးတယ်လို့ ပြောကြတယ်။ ဘာကြောင့်လဲဆိုတော့ ငါကလွဲလို့ ယောင်္ကျားလေးနဲ့ ဖောက်ပြန်ရင်ကျေနပ်တယ်ပေါ့။ သူတို့ စကားလေးတွေကို သဘောကျလို့ ကိုယ်က ဖြေခဲ့မိတာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Phoo Pwint Thakin

ဖူးပွင့်သခင်ကတော့ ချစ်သူက ဂေးတစ်ယောက် ဆိုတာကို နားလည်ပေးနိုင်တယ် ဆိုပေမယ့် အိမ်ထောင် မပြုဘူးလို့ ဆုံးဖြတ်ထားတာ မဟုတ်တဲ့အကြောင်း ဆက်လက် ပြောပြလာပါတယ်။ 

“ ညီမကတော့ အပျိုကြီး မလုပ်ဘူး စဉ်းစားဦးမှာ။ တကယ်လို့ အပျိုကြီးလုပ်မယ် ဆိုရင်တောင် အိမ်ထောင်ပြုသွားရင် အပြောခံရဦးမယ်။ ကိုယ်ဖူးစာပါသလောက်ပေါ့။ အဲဒီအတွက် အခုချိန်မှာ ခေါင်းရှုပ်မခံချင်သေးဘူး။ အေးအေးချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ်နေရတာ ပိုကောင်းတယ်။ Covid ကာလကြီးက ဘာမှန်းလဲ မသိဘူး။ အချစ်ရေးထက် အလုပ်တွေ လုပ်ရဖို့က ပိုအရေးကြီးပါတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Phoo Pwint Thakin

ဖူးပွင့်သခင်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာလည်း စီနီယာ အနုပညာရှင်ကြီးတွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရပါပြီ။ အရပ်လည်းမြင့်သလို ရုပ်ရည်ကလည်း ချောမောလှတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးကြောင့်လည်း အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က