မသိတဲ့သူဆို ကိုယ့်ကို ချေတယ် ထင်ကြတယ်။

ကေကေမိုးကတော့ တစ်ယောက်တည်း သီးသန့်နေတတ်သူဖြစ်တာကြောင့် သူမရဲ့ အနားကို လာကပ်မယ့် သူတောင် မရှိဘူးလို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။ 

Photo: Kay Kay Moe



အဆိုတော် ကေကေမိုးကတော့ သူမရဲ့ နေထိုင်မှုပုံစံက အနေအေးတဲ့ မိန်းကလေးပုံစံမျိုးပါလို့ ဆိုပါတယ်။ ဒါကြောင့်လည်း အချစ်ရေးနဲ့ ပတ်သက်လာရင် ကိုယ့်အနားလာကပ်တဲ့လူတောင် မရှိဘူးလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အချစ်ရေးနဲ့ ပတ်သက်လာရင် ကေကေက မစွံဘူး။ ပြီးတော့ ကေကေ့ကို ရှိန်လို့ အနားလာမကပ်ရဲကြတာတွေရှိတယ်။ ကိုယ်လည်း ဘာမှ မလုပ်ရပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ နေတတ်တာ များတယ်။ ကေကေက မခင်သေးတဲ့ သူတွေနဲ့ဆိုရင် ခပ်တည်တည်နေတယ်။ ခင်တဲ့သူတွေနဲ့ဆိုရင်တော့ ပျော်ပျော်နေတတ်ပါတယ်။ တစ်ခါတလေ ကိုယ်က ခင်တဲ့သူတွေ သိပ်မရှိလို့ ကိုယ့်ဘာသာကိုယ် နေတတ်သလို နေတာကိုတောင် တချို့က ဒီကောင်မလေး တော်တော်ချေတယ်လို့တောင် ပြောတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။ 

Photo: Kay Kay Moe

ကေကေမိုးကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် ကောလာဟလ မထွက်ခဲ့ဖူးသူ တစ်ယောက်ပါ။ သူမကိုယ်တိုင် စိတ်ကူးထားတဲ့ အချစ်ရေးအကြောင်းကိုလည်း အခုလို ပြောပြလာပါသေးတယ်။ 

“ အခုဆို ကိုယ်နဲ့ တော်တော်ခင်တဲ့လူတချို့က ကေကေ နင်က ငါတို့နဲ့ မခင်တုန်းကဆိုရင် မျက်နှာက ဘယ်လို၊ မျက်လုံးက ဘယ်လို၊ မျက်စောင်းက ဘယ်လိုထိုးတာ ချေမိုးနေတာပဲလို့ ပြန်ပြောတာတွေရှိတယ်။ အဲဒီတော့မှ ငါ မျက်စောင်းထိုးရတာမဟုတ်ပါဘူးလို့ ပြန်ရှင်းပြခဲ့ရတယ်။ တကယ်လို့ ကေကေက ချစ်သူထားရင်တောင်မှ ဘာစံနှုန်းရှိမှရယ်လို့ မဟုတ်ဘူူး။ အဓိက အနေနဲ့ နားလည်ပေးရမယ်၊ သစ္စာရှိရမယ်၊ ကိုယ်ချင်းစာစိတ် ထားတတ်ရမယ် ဆိုရင် အဆင်ပြေပါပြီ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Kay Kay Moe

ကေကေမိုးကိုတော့ "ကျွန်မ" ဆိုတဲ့ Single Song လေးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ "ကျွန်မ" သီချင်းဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တာဖြစ်ပြီး တေးရေး ဝေကြီး ရေးပေးခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းနဲ့ City FM ရဲ့ (၁၇) နှစ်ပြည့် ဂီတ ဆုပေးပွဲကြီးမှာ သူမက ၂၀၁၈ ခုနှစ်အတွင်း ရေပန်းအစားဆုံး အမျိုးသမီး တေးသံရှင်ဆုကို ရရှိခဲ့တာထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကေကေမိုးဟာ သြဂုတ်လ(၂၁) ရက်နေ့မှာ "အချစ်မျက်ကန်း" ဆိုတဲ့ အချစ်သီချင်း နမူနာလေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က