သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာပါ။
Ei Ei Myat

မယ်လိုဒီက တော့ သူမက အချစ်ကံ ကောင်းတဲ့ သူတစ်ယောက်ဖြစ်တယ် လို့ ဆိုခဲ့ပြီး လက်ရှိ ပိုင်ဆိုင်ထားတဲ့အိမ်ထောင်ရေး အ ကြောင်းကိုလည်း ပြောပြလာပါတယ်။

Photo : melody

 သရုပ်ဆောင် မယ်လိုဒီက လက်ရှိမှာ သားလေး တစ်ယောက်ကို မွေးထားပြီးတော့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေး တစ်ခု ကို ပိုင်ဆိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။ သူမက အချစ်ရေးမှာ ကံကောင်း တဲ့သူတစ်ယောက်ဖြစ်တဲ့အ ကြောင်းကိုလည်း မီဒီယာတွေက နေ တဆင့် ဖြေ ကြားလာပါတယ်။။

"ကိုယ်က အချစ်ရေးမှာကံကောင်းတယ်..အဲ့လိုလေးပဲ ပြောပါရ စေ။ကိုယ့်ကို ချစ်တဲ့သူတွေ ခင်တဲ့သူတွေ ပေါများတယ်။မျိုးက တော့ကိုယ်ချစ်တယ်ဆိုရင် ရိုးရိုးရှင်းရှင်းလေးပဲ ချစ်လိုက်တယ်။ အချစ်က ပေးဆပ်ခြင်းတွေရယူခြင်းတွေ ဘာမှ မ တွေးဘူး။ကိုယ်ပေးဆပ် နိုင်သ လောက် ပေးဆပ်လိုက်တယ်။အဲ့ဒါက ကိုယ့်အချစ်ပဲ ။အဲ့ဒါမှကိုယ့်အချစ်ကို နားလည်တန်ဖိုးထားတတ်တဲ့ သူမှ ထားတတ်မှာလေ ။မထားတတ်တဲ့သူကြ တော့လည်းမထားတတ်ရင် အချစ်ရေး ကံ မ ကောင်းဘူးပေါ့"လို့ဆိုပါတယ်။

Photo : melody

အချစ်ရေးမှာကံ ကောင်းတဲ့အပြင် အမျိုးကောင်းသားလေး တစ်ယောက် ကို မွေးထားတဲ့ အ ကြောင်းကိုလည်း ပီတိတွေ နဲ့ ဆိုခဲ့ပြန်ပါတယ်။

 " အစ်မက သားကောင်းတစ်ယောက်ကိုမွေးထားတာသေချာတယ်။အဲ့ဒါကိုတော့ ၁၀၀ရာခိုင်နှုန်း ယုံကြည်မှုအပြည့်ရှိတယ်။ဒါက သားလေး ငယ်သေးလို့ ပြောတဲ့စကားမဟုတ်ဘူး။သားလေး ကြီးလာရင်လည်း သားလုပ်မယ့် အလုပ်တွေတိုင်းမှာ အ မေက မားမားမတ်မတ် ရပ်တည်ပေးပြီးတော့ သူများသမီးဘက်က နေ ကာကွယ်ပေးသွားမှာ" ဆိုပြီး မိခင် တစ်ယောက်အ နေနဲ့ ခံစားချက်တွေ ကို ပြောပြ ပေးသွားပါတယ်။

Photo : melody

မယ်လိုဒီကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို နှစ်တော်တော်ကြာ လုပ်ခဲ့ပြီး ကျန်းမာရေးအခြေအနေကြောင့် အလုပ်တွေ နားခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo : melody

ကိုသာကောင်းနဲ့ သရုပ်ဆောင် မယ်လိုဒီတို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး သဒ္ဓိစစ်က အခုဆိုရင် ၄ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးကိုတော့ ငယ်ငယ်လေးကတည်းက ပရိသတ်တွေက အချစ်ပိုခဲ့ကြတာပါ။ သိဒ္ဓိစစ်ဟာ ငယ်ငယ်လေးကတည်းက ကလေးအသုံးအဆောင်ပစ္စည်းတွေရဲ့ ကြော်ငြာ မင်းသားပေါက်စလေး ဖြစ်ခဲ့ပါတယ်။




က္က