နှလုံးသားရေးရာ အကြောင်းတွေကို ဝန်ခံပြောပြလိုက်ပါပြီ။
Sabal Thwin

ဖူးစုံကတော့ သူငယ်ချင်းဖြစ်သူ ခင်လေးနွယ် ရွေးချယ်လိုက်တဲ့ အချစ်ရေးက ကောင်းမွန်တဲ့အချစ်ရေးဖြစ်လိမ့်မယ်လို့ဆိုပါတယ်။ သူမရဲ့ အချစ်ရေးကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြန်ပါသေးတယ်။

ဖူးစုံတစ်ယောက် ချစ်သူရှိတယ် မရှိဘူး ဆိုပြီးတော့ ပရိသတ်တွေကို Surprise တိုက်သွားမှာ မဟုတ်ပါဘူးတဲ့။ သူကိုယ်တိုင်ကလည်း Surprise တိုက်လို့ရမယ့် အနေအထားတစ်ခု မဟုတ်သေးတဲ့အကြောင်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ သူငယ်ချင်းတွေကို Surprise မတိုက်နိုင်ဘူး။ ကိုယ်တိုင်ကို က ထူလည်လည်၊ အကုန်လုံးက ပြောလို့ပြီးသွားရင်လည်း မသိတာရှိရင် ပြန်ပြန်မေးတာ။ နင်ကလေ ပြောလို့ကို မကောင်းဘူးလို့ လာပြောကြရင် ငါမသိလို့ပါဟယ် ဆိုတဲ့ လူမျိုး။ ပါးပါးလှပ်လှပ်လူတွေကို Surprise တိုက်တယ်ဆိုတာ သူတို့ထက်ပါးမှ ရမှာလေ။ ကိုယ်က ငထူဆိုတော့ သူငယ်ချင်းတွေကို Surprise မတိုက်နိုင်ဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Phu Sone

ဖူးစုံကတော့ bff သူငယ်ချင်းတွေထဲက အပျိုကြီး မမ ခင်လေးနွယ်တစ်ယောက် စွံသွားလို့ ဝမ်းသာနေပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ အချစ်ရေးကိုလည်း အကောင်းဆုံးတွေ ဖြစ်စေချင်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ခင်လေးနွယ်ကတော့ ဖူးစုံအထင်ပြောရရင် မစဉ်းစားပဲတော့ ဘာမှ လုပ်မှာမဟုတ်ပါဘူး။ သူ့ကို ချစ်တဲ့ ပရိသတ်တွေကတော့ စိတ်ပူကြတာပေါ့နော်။ ဒါပေမယ့် သူ မိန်းမတစ်ယောက်အနေနဲ့ ဒီအချိန်ထိ ရပ်တည်လာတာဆိုတော့ ရှေ့လျှောက်ပြီးတော့ သွားမယ့်လမ်းမှာ လိုအပ်ချက်တွေကို သူအသိဆုံးဖြစ်မှာပါ။ နှစ်ယောက်သွားချင်တာလား၊ တစ်ယောက်တည်း သွားချင်တာလား သူအသိဆုံးဖြစ်မှာပါ’’ လို့ သူကဆိုပါတယ်။


Photo: Phu Sone

ဖူးစုံကိုယ်တိုင်ကလည်း သူမရဲ့အချစ်ရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပြလာပါတယ်။ ပရိသတ်ကို အသိပေးသွားမယ်လို့လည်း စက်တင်ဘာလ ၂၆ ရက်နေ့က နှင်းဆီလှေ စာနယ်ဇင်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ ဒီအရွယ်ရောက်မှ ရှိတာကို မရှိဘူး၊ မရှိတာကိုလည်း မရှိဘူးဆိုပြီးပြောရမယ့် အရွယ်လည်း မဟုတ်တော့ဘူးပေါ့လေ။ ကိုယ့်ဆီမှာ ရှိတယ်ဆိုရင်လည်း ရဲရဲဝံ့ဝံ့ပြောရမယ့် အခြေအနေပါ။ ဒီအပိုင်းမှာလည်း ပရိသတ် စိတ်ဝင်စားဖို့လည်း မကောင်းသေးပါဘူး။ စိတ်ဝင်စားဖို့လည်း ကောင်းလာပြီ ပရိသတ်လည်း သိချင်နေပြီဆိုရင်တော့ ပြောမှာပါ’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Phu Sone

ဖူးစုံကိုတော့ Music Video တွေ၊ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ သူမက လက်ရှိမှာတော့ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်။ ဖူးစုံရဲ့ တူမလေး အခရာကိုလည်း အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေရှိလာပါပြီ။ ဖူးစုံရဲ့ တူမလေးဖြစ်တာကြောင့်လည်း ပရိသတ်ပို သတိထားမိခဲ့ကြတာပါ။




ဆက်စပ်အကြောင်းအရာများ


က္က