အုပ်စိုးခန့်နဲ့ ချစ်သူတွေ ဖြစ်နေကြပြီဆိုတဲ့ သတင်းတွေထွက်ခဲ့ဖူးတယ်။

ယွန်းယွန်းကတော့ အုပ်စိုးခန့်နဲ့ အတူတွဲပြီး ကြော်ငြာဓာတ်ပုံတွေ ရိုက်ကူးဖြစ်တဲ့အကြောင်းပြောပြလာပါတယ်။ အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် တွဲနေကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ဖူးပါတယ်။ 

Photo: D&C



သရုပ်ဆောင် ယွန်းယွန်းကတော့ အုပ်စိုးခန့်နဲ့အတူတွဲပြီး စုံတွဲဓာတ်ပုံလေးတွေ ရိုက်ဖြစ်တဲ့ အကြောင်း ပြောပြလာပါတယ်။ နှစ်ယောက်အတူတွဲပြီး ရိုက်ကူးရေးတွေ သိပ်မလုပ်ဖြစ်ဘူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“အုပ်စိုးခန့်နဲ့က MTV ရိုက်ပြီးကတည်းက အတူတူရိုက်ကူးရေး မလုပ်ဖြစ်တာကြာပြီ။ ပွဲတက်တာလေးတွေတော့ ရှိပေမယ့် ကြော်ငြာလေးတွေလည်း ပြန်ရိုက်ဖြစ်တယ်။ အခုလည်း သူနဲ့ Valentine's Special Photo လေးတွေရိုက်ဖြစ်တယ်။ အဲဒီပုံလေးတွေထွက်လာတော့ လူတွေက ဒီပုံတွေနဲ့ နောက်ကြတာပေါ့လေ။ သူတို့ ဒီပုံလေးတွေကြည့်ပြီး ပျော်နေကြတယ်လို့ပဲ တွေးလိုက်ပါတယ်"လို့ ပြောပြရင်း ရယ်မောခဲ့ပါသေးတယ်။ 

Photo: D&C

အရင်တုန်းကတော့ ယွန်းယွန်းနဲ့ အုပ်စိုးခန့်တို့ အတူတွဲပြီးရိုက်ကူးရေးတွေ လုပ်တဲ့အချိန်မှာ ချစ်သူတွေဖြစ်နေကြတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီလို သတင်းတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ခင်မင်မှုမပျက်ခဲ့ဘူးလို့ ယွန်းယွန်းက ပြောပါတယ်။ 

“ နှစ်ယောက်သား တွဲနေကြတယ်ဆိုတဲ့ သတင်းတွေကြောင့်တစ်ယောက်နဲ့တစ်ယောက် ခင်မင်မှုမှာ အနှောက်အယှက်မဖြစ်ပါဘူး။ ညီမတို့ကလည်း လူငယ်တွေဖြစ်တယ် ဒီလိုအကြောင်းအရာတွေနဲ့လည်း နေသားကျနေပြီဆိုတော့ ထူးထူးခြားခြားတော့ မခံစားရပါဘူး” ဆိုပြီးတော့ House Of Beauty ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Yoon Yoon

ယွန်းယွန်းကတော့ သူမကို ကလေးသရုပ်ဆောင်အဖြစ် အားပေးနေသေးတဲ့ ပရိသတ်တွေကြောင့် စုံတွဲဓာတ်ပုံတွေရိုက်ရင် ကြိုက်ပါ့မလားလို့ စိုးရိမ်စိတ်ဖြစ်မိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ 

“ အရင်တုန်းကတော့ ယွန်း ဒီလိုအတွဲပုံလေးတွေရိုက်ရင် လိုက်ဖက်ပါ့မလား၊ ပရိသတ်ကြိုက်ပါ့ မလား ဆိုပြီးတော့ စိုးရိမ်စိတ်လေးတော့ဖြစ်မိတယ်။ အသက် ၂၀ လောက်ဖြစ်လာတယ်ဆိုတော့ သိပ်ပြီးတော့ မအပ်စပ်ဘူးလို့ ပြောလို့မရဘူး။ ပရိသတ်မျက်စိထဲမှာ အဆင်ပြေမယ်ထင်လို့ ယွန်းလည်း ဒီလိုမျိုးလေးတွေ ပြန်ရိုက်ဖြစ်တာပေါ့နော်။ ရှေ့လျှောက်လည်း အလုပ်အတွက် လိုအပ်တယ်ဆိုရင် ဒီလိုအတွဲပုံစံလေးတွေရိုက်ဖို့ရှိပါတယ်။ ငယ်ငယ်တုန်းကလို ငယ်သေးလို့ မလုပ်ဘူးဆိုတဲ့ ဟာမျိုးတော့ သိပ်မရှိပါဘူး” လို့ သူက ဆိုပါတယ်။ 

Photo: Yoon Yoon

ယွန်းယွန်းဟာ ဗီဒီယို ဇာတ်ကားပေါင်း (၃၀၀)ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား(၃၀)ကျော် ရိုက်ကူးထားနိုင်သူ ကလေး သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆု(အထူးဆု)ကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ကလေးသရုပ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ထို့နောက် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ရင်းနဲ့ ပညာရေးဘက်ကိုလည်း အားသွန်ခွန်စိုက် ကြိုးစားခဲ့တာကြောင့် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးနှစ်ခုနဲ့ အောင်မြင်ခဲ့ပါတယ်။ သူမဟာ သရုပ်ဆောင်အလုပ်သာမက ပညာရေးမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ယွန်းယွန်းက ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ် စိတ်ပညာဌာနရဲ့ ပထမနှစ်သင်တန်းမှာ ပညာရည်ချွန် ဒုတိယဆုရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က