အချစ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲတဲ့။
Ei Ei Myat

နန်းဆုရတီစိုးကတော့ အချစ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အမြဲတမ်း ပွင့်ပွင့်လင်းလင်းပြောတတ်သူ တစ်ဦးပါ။



Photo : Nan Su Yati Soe

နန်းဆုရတီစိုးဟာ ရည်းစားဟောင်းနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ အချစ်ရေးနဲ့ပတ်သက်ပြီး သတင်းတွေ မျိုးစုံထွက်ခဲ့ပေမယ့်လည်း သူမရဲ့ လက်ရှိအချစ်ရေးကတော့ တစ်ယောက်တည်းပါပဲတဲ့။ သူမရဲ့ ဘဝမှာ သူမချစ်တဲ့သူတွေနဲ့ သူမကိုချစ်တဲ့ ပရိသတ်တွေပိုင်ဆိုင်ထားတာကြောင့် ဘဝဟာ အထီးမကျန်သလို နေ့ရက်တိုင်းကိုလည်း ပျော်ရွှင်စွာ ဖြတ်သန်းလျက်ရှိတယ်လို့ ဆိုပါတယ်။

“အခုလောလောဆယ်မှာ သီချင်းလေးထဲက အတိုင်းပျော်ပျော်လေး နေနေတယ်၊အခုလည်းအရမ်းအဆင်ပြေ နေတယ်။ နန်းဆု အဆင်ပြေအောင် ကြိုးစားပြီး နေထိုင်ပါတယ်။အချစ်ရေးနဲ့ ပတ်သက်ပြီး နန်းဆုက တစ်ခါမှ မလျိုခဲ့ဘူးး ပရိသတ်ကို အမြဲတမ်း ရိုးရိုးသားသားပြောပြတယ်။ ပြောနိုင်တာ ရှိရင် ပြောပေးတယ် ရှင်းနိုင်တာ ရှိရင်လည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီးတော့ ဖြေရှင်းပါတယ်။ ချစ်သူထားတာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပဲ နေပါတယ်လျို့ဝှက်ထားတာလည်း မရှိပါဘူး လျို့ဝှက်ထားမယ်ဆိုတဲ့ စိတ်မရှိသလို ကြေညာမယ်ဆိုတဲ့စိတ်လည်းမရှိပါဘူး “ လို့ သူမက ပြောပါတယ်။

Photo : Nan Su Yati Soe

အချစ်ရေးမှာ သူမထင်သလို မဖြစ်ခဲ့ပေမယ့်လည်း အချစ်ကို ကြောက်သွားတဲ့ စိတ်မျိုးတော့ မခံစားရဘူးလို့ ဆိုပါတယ်။

“အချစ်ကို မကြောက်ပါဘူး အချစ်က ကြောက်စရာမဟုတ်ပါဘူး အချစ်ဆိုတာ မင်္ဂလာတစ်ပါးပဲလေ အချစ်ဆိုတာက နောက်ထပ်ထားဖို့ ဘာညာဆိုတာက အချစ်ကို ရွေးချယ်ဖို့ ဘယ်လိုအချက်အလက်တွေ ပါတယ်မပါဘူးဆိုတာ နန်းဆု မစဥ်းစားပါဘူး အချစ်က ရွေးချယ်ယူလို မရဘူးလေ သူ့ဘာသာသူ ဖြစ်လာတာပဲ ကောင်းပါတယ်။” လို့ သူမရဲ့ ခံစားချက်ကို ပွင့် ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

Photo : Nan Su Yati Soe

နန်းဆုရတီစိုးရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ် တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ သူမကိုတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ တီဗီကြော်ငြာတွေ ၊ မဂ္ဂဇင်းကာဗာတွေမှာလည်း ဒီနေ့အချိန်ထိ ပါဝင်နေရတဲ့ မင်းသမီးချောတစ်ယောက်ပါ။ အခုလက်ရှိမှာတော့ ဂီတလမ်းကြောင်းပေါ်မှာ သီချင်းတွေနဲ့ ပျော်မွေ့နေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားတာ တွေ့ရပါသေးတယ်။ 

 


Author


က္က