ရည်းစားဟောင်းနဲ့ ပြန်တွဲခဲ့တာပါ။

အိစိကွေးကတော့ လက်ရှိ လက်တွဲထားတဲ့ ချစ်သူက အရမ်းနားလည်မှုရှိတဲ့ ကောင်မလေး တစ်ယောက်ဖြစ်တဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: Ei Si Kway



ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်အချစ်တွေ ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးကတော့ အခုလက်ရှိမှာ ချစ်သူရှိနေပြီလို့ ဖွင့်ပြောလာပါတယ်။ သူကိုယ်တိုင် တည်ဆောက်ထားတဲ့ အချစ်ရေး အခြေအနေကို Duwun ကနေတဆင့် ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော်က Relationship တစ်ခုကို တည်ဆောက်ပြီဆိုရင် အပျော်ဆိုတဲ့ သဘောမျိုးထက် ကိုယ့်စိတ်ထဲမှာ တကယ်ရှိပြီဆိုတော့မှ Relationship တစ်ခုကို တည်ဆောက်သင့်တယ်လို့ထင်တယ်။ Relatinship တစ်ခု တည်ဆောက်တယ်ဆိုတာကလည်း တကယ် ခက်တဲ့အလုပ်ပါ။ မမ နဲ့ အရင်တုန်းက တွဲခဲ့ဖူးတယ်။ ရည်းစားဟောင်းပါပဲ နောက်ကျတော့ သူလည်း တဖြည်းဖြည်းနဲ့ လောကကြီးအကြောင်းသိ၊ ကိုယ်လည်း လောကကြီးအကြောင်းသိပြီးတဲ့နောက် သူက တော်တော်လေး ရင့်ကျက်လာပြီ။ ဟိုးအရင်တုန်းက တွဲခဲ့တဲ့ သက်တမ်းဆိုရင် ဒီလမှာ (၃) နှစ်ပြည့်ပြီ။ နောက်တကျော့ပြန်တွဲတဲ့ သက်တမ်းဆိုရင်(၄) လလောက်ပဲရှိပါသေးတယ်” လို့ ဆိုပါတယ်။ 

Photo: Ei Si Kway

အိစိကွေးက ချစ်သူကောင်မလေးရဲ့ စိတ်နေစိတ်ထားကိုလည်း အခုလို ပြောပြလာပါတယ်။ အနုပညာအလုပ်တွေ လုပ်နေရတဲ့ သူ့အပေါ် အရမ်းနားလည်ပေးတတ်သူ တစ်ယောက်ပါလို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ မမက ကျွန်တော့် အပေါ် တော်တော်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ လူကြီးလည်းဆန်တယ်၊ အရင်တုန်းကဆိုရင် ကျွန်တော် တော်တော်ကြီးကို ဆိုးတာ အဲဒီဆိုးခဲ့တာတွေကို သူနားလည်ပြီး သင်ပေးခဲ့တဲ့ နောက်ပိုင်းမှာ အခုဆို တော်တော်လေးကို အဆင်ပြေနေပါပြီ။ အချစ်နဲ့ပတ်သက်လာရင် လူတွေက ကိုယ့်ကိုယ်ကိုယ် အများကြီးပြောင်းလဲကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပြောင်းလဲ လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ရင့်ကျက်လာတယ်လို့ မြင်တယ်” လို့ ဆိုပါတယ်။ 

Photo: Ei Si Kway

အိစိကွေး(Eisi kway)ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေးနေတာ ကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က