သူ ချစ်တဲ့ သူ၊ သူ့ကိုလည်း ချစ်တဲ့သူနဲ့ ဆုံစေချင်တယ်။

ရွှေစင်ဝင်းကို ကတော့ အစ်ကိုဖြစ်သူ ဟိန်းဝေယံကို တကယ်ချစ်တဲ့ အိမ်ထောင်ဘက်နဲ့သာ ဆုံစေချင်တဲ့အကြောင်းတွေ ပြောလာပါတယ်။ 

Photo: Shwe Sin Win Ko



သရုပ်ဆောင် ဟိန်းဝေယံရဲ့ ညီမလေး ရွှေစင်ဝင်းကို ဟာ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ဘက်ဖြစ်လာမယ့် ယောက်မ အပေါ် သူမရဲ့ သဘောထားကို Duwun Media အင်တာဗျူးမှာ အခုလို ပြောပြလာပါတယ်။  

“ ကိုယ့်စိတ်နဲ့သာ ဆိုရင်တော့ အစ်ကို့ကို လူပျိုကြီးပဲ လုပ်စေချင်တာ။ အစ်ကို တစ်ယောက်တည်း ကျတော့လည်း ကြာလာရင် အထီးကျန်မှုဆိုတာ ဖြစ်လာမှာလေ။ သူ သဘောကျတယ်၊ တကယ်လည်းချစ်တယ်၊ နှစ်ဦးနှစ်ဖက် အပေးအယူမျှပြီးတော့ နှစ်နှစ်ကာကာ ချစ်ကြတယ်ဆိုရင်တော့ အစ်ကို့ကို သဘောတူပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညက Woodland Bar ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

ဟိန်းဝေယံ ကိုယ်တိုင်ကလည်း လက်ရှိမှာ အချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ယောက်တည်းနေရတာ ပိုသဘောကျနေတယ်လို့ ဆိုပါတယ်။ အလုပ်နဲ့ မိသားစုကို ပိုပြီးတော့ အချိန်ပေးနေတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ညီမဖြစ်သူ ရွှေစင်ဝင်းကို နဲ့ အတူ အနုပညာအလုပ်တွေ အတူတူ ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ 

ရွှေစင်ဝင်းကိုကတော့ မိသားစုထဲမှာ အငယ်ဆုံး သမီးဖြစ်တယ်လို့ သိရပါတယ်။ မောင်နှမ သုံးယောက်တည်းမှာ သမီးမိန်းကလေး တစ်ယောက်တည်းပါတာကြောင့်လည်း မိဘတွေက ပိုပြီးတော့ ဂရုစိုက်တတ်ကြတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

“ အခုထိကတော့ ကလေးလိုပါပဲ။ အိမ်မှာ အငယ်ဆုံးဆိုတော့ အကုန်လုံးကလည်း ဝိုင်းချစ်ကြတယ်။ ကလေး ပေါက်စလေးလိုတော့ ထိန်းချုပ်ထားတာမျိုးတွေ မရှိပါဘူး။ အသက်အရွယ်တစ်ခုရှိလာပြီဆိုတော့ တစ်ခါတလေမှာ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချမှ ရတဲ့အရာမျိုးတွေ ရှိလာပြီလေ။ တချို့ ကိစ္စတွေမှာတော့ မိသားစုတွေက ကိုယ့်ဆုံးဖြတ်ချက်ကို အလေးထားပေးတာမျိုးတွေရှိပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Amazing Grace

ရွှေစင်ဝင်းကို(Shwe Sin Win Ko)ကိုလည်း ဟိန်းဝေယံရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေ၊ ခန္ဓာကိုယ်လှလှလေးနဲ့ ဆံပင်ရှည်ရှည်လေးဖြစ်လို့ သူမကို ဝန်းရံပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ အနုပညာအလုပ်တွေကိုလည်း တဖြည်းဖြည်းဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က