အမှတ်တရတွေကို ပြန်လည် ပြောပြလာပါတယ်။

သားညီကတော့ ဦးလေးဖြစ်သူ သရုပ်ဆောင်ကျော်ဟိန်း ကြောင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ 

Photo: Thar Nyi



သားညီဟာ အနုပညာလောကထဲကိုဝင်ရောက်လာချိန်က အမှတ်တရတွေကို ပြောပြလာပါတယ်။ ဦးလေးဖြစ်တဲ့ သရုပ်ဆောင် ကျော်ဟိန်းကြောင့် သရုပ်ဆောင် တစ်ယောက် ဖြစ်လာတဲ့ အမှတ်တရတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ဦးကျော်ဟိန်းက အနုပညာနဲ့ ပတ်သက်လာရင် တူတွေ၊ သားတွေ မရှိဘူး။ အရမ်းလည်း စည်းကမ်းကြီးတယ်။ ကျွန်တော်နဲ့လည်း မတည့်ဘူး ဘာကြောင့်လဲဆို ကိုယ်က ဘုကလန့်လေ။ အမှတ်တရလေးတစ်ခုရှိတယ် သူက နင်တဲ့ ငါ့ကိုကျေးဇူးမတင်ဘူးလားတဲ့၊ ငါက မင်းကို ဒီလောကထဲ ခေါ်လာတာလေ ဆိုတော့ သားရိုက်ချင်တယ်လို့ ပြောတာမှ မဟုတ်တာ ဦးကျော်ဘာသာ ဦးကျော် ခေါ်တာဆိုပြီး ပြန်ပြောခဲ့ဖူးတယ်။ ဒါပေမယ့် ချစ်တာတော့ အရမ်းချစ်ပါတယ်။ အစ်ကို့ကြောင့်၊ ဦးကျော်ကြောင့် ဒီလောကထဲမှာ အခုချိန်ထိ ရပ်တည်နေနိုင်တာပါ” လို့ သူကဆိုပါတယ်။ 


Photo: Thar Nyi

သားညီဟာ အနုပညာအလုပ်တွေ စလုပ်ချိန်က ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားမှာ ဦးကျော်ဟိန်းနဲ့ အတူတွဲ သရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ ငိုရတဲ့ ဇာတ်ဝင်ခန်းကို သရုပ်မဆောင် တတ်တဲ့ သူ့အတွက် ဦးကျော်ဟိန်းက ငိုတတ်အောင်သင်ပေးနိုင်ခဲ့တယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော် နဲ့ ဦးကျော်ရဲ့ အမှတ်တရ ဇာတ်ကားကသန်လျင်မှာရိုက်တုန်းကပေါ့။ ဇာတ်ဝင်ခန်းက ဘာလဲ ဆိုတော့ ဦးကျော်ဟိန်းကို ကလဲ့စားချေဖို့ဆိုပြီးတော့ အဖေနဲ့ အစ်မရဲ့ မြေပုံမှာ သစ္စာသွားဆိုတာ။ငိုတဲ့ ဇာတ်ဝင်ခန်းရိုက်တာပေါ့ အဲဒီမှာကိုယ်က ဒုတိယမြောက် ဇာတ်ကားဆိုတော့ ငိုလည်းမငို မျက်ရည်လည်း မကျတတ်ဆိုတော့ ဦးကျော်ဟိန်းက ကျွန်တော့်ကို မင်းတော်တော် ရှက်ဖို့ကောင်းတာပဲတဲ့။ ငါ့ကို တော်တော် အရှက်ခွဲတယ်၊ မင်းတို့ ညီအစ်ကို နှစ်ယောက် ငါနဲ့လည်း ဘာမှ မတော်ဘူး၊ ငါ့ အိမ်လာစရာလည်း မလိုဘူး၊ ငါ့ကို အရှက်ခွဲရက်တယ် ဆိုပြီးတော့ သူ စီးတဲ့ ဖိနပ်နဲ့ ကျွန်တော့် ပါးကိုရိုက်တယ်။ ကျွန်တော်လည်း ရှိုက်ကြီးတငင်ငို၊ အဲဒီလူကြီးကိုသတ်မယ် ဆိုပြီးတော့ သချိုင်းမြေကိုလည်း လက်သီးတွေနဲ့ထိုး လက်တွေလည်းပေါက်ပြဲနေတာပဲ။ သူလိုချင်တဲ့ Mood လည်း ရလည်းရရော ကဒ် ဆိုပြီးဖြစ်ရော။ အဲဒီမှာ ကျွန်တော့် ပုခုံးကို လာဖက်ပြီး မင်းတော်သားပဲ ဘာညာနဲ့ပေါ့ ခုနက စိတ်ဆိုးထားတာက စိတ်ပဲ ဆက်ဆိုးရမလိုလို၊ဂုဏ်ပဲ ယူနေရမလိုလို” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Thar Nyi

သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။ သားညီအနေနဲ့သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က