အရင်ကဆို တစ်ယောက်တည်းပြန်ရင် စိတ်ပူတယ်။ အခုတော့ သူ့ကို ကာကွယ်ပေးတဲ့သူရှိပြီ။

သက်မွန်မြင့်ကတော့ ခင်လေးနွယ်ရဲ့ ချစ်သူဟာ ခင်လေးနွယ်ကို အရမ်းချစ်တာ မြင်ရတယ်လို့ဆိုပါတယ်။ ခင်လေး တစ်ယောက်အချစ်စစ်ကိုပိုင်ဆိုင်ခွင့်ရလို့ အရမ်းဝမ်းသာတယ်လို့ သူကပြောပါတယ်။ 

Photo: Thet Mon Myint



သက်မွန်မြင့်ကတော့ အချစ်ရေးကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်တဲ့ ခင်လေးနွယ်ကြောင့် အရမ်းကို အံ့သြသွားခဲ့ရတယ်လို့ ဆိုပါတယ်။ ခင်လေးနွယ်က သက်မွန်ထက် ပိုရင့်ကျင်တဲ့သူဖြစ်တယ်ဆိုတာကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။ 

“ ခင်လေးရဲ့ အချစ်ရေးကို မတိုင်ပင်ဖြစ်ကြဘူး။ ကိုယ်က ကလေးနဲ့အလုပ်အမြဲတမ်းရှုပ်နေတယ်ဆိုပြီးတော့ သူတို့က တိုင်ပင်တာနည်းတယ်။ Surprise ဖြစ်သွားတာပေါ့။ ကိုယ်က နောက်တယ်ပဲ ထင်နေတာ။ သူက ကိုယ်တွေထက် အများကြီး ရင့်ကျက်ပါတယ်။ ဒီဘဝကို ပိုပြီးတော့ ရင်ဆိုင်နိုင်တယ်၊ ရင့်ကျက်တဲ့စိတ်၊ ပိုပြီးတော့ ရင်ဆိုင်နိုင်တယ်။ စကားလည်း နည်းတယ်။ သူက သူ့ကိုယ်သူထိန်းကျောင်းနိုင်တဲ့ မိန်းကလေးတစ်ယောက်ပါ” လို့ သူကဆိုပါတယ်။ 

Photo: Amazing Grace

ခင်လေးနွယ်ကလည်း Single တစ်ယောက်အဖြစ်နေလာတဲ့ နှစ်တွေလည်း ကြာပြီလို့ သက်မွန်မြင့်က ပြောပါတယ်။ တကယ်ချစ်တဲ့သူဖြစ်တာကြောင့်သာအခုလို ချစ်သူကို ထုတ်ပြလိုက်တာဖြစ်မယ်လို့လည်း ဆိုပါတယ်။ ခင်လေးနွယ်ရဲ့ ချစ်သူကလည်း သက်မွန်မြင့်ရဲ့ အမြင်မှာ အနေအေးတဲ့ သူတစ်ယောက်ပါတဲ့။ 

“ သူနဲ့ စကားသိပ်မပြောဖြစ်ပေမယ့် ကိုယ့်အတွေးထဲမှာတော့ ဒါက သူတကယ့်အချစ်စစ်နဲ့ တွေ့လို့ပေါ့နော်။ တစ်ယောက်တည်းနေလာတာ ကြာတဲ့ လွတ်လပ်မှုနဲ့ နေသားကျနေတဲ့သူက ဒါဟာ တကယ့် အချစ်စစ်နဲ့တွေ့လို့ပေါ့။ ဘာပဲဖြစ်ဖြစ် သူ့အနားမှာ ကာကွယ်ပေးမယ့်သူတစ်ယောက် ရှိနေပြီ၊ သူ့အနားမှာ မားမားမတ်မတ်ရပ်ပေးမယ့်သူရှိနေပြီဆိုတော့ သူ့အတွက် ဝမ်းသာပေးတယ်။ သူ့ကိုလည်း တော်တော်ချစ်တဲ့ပုံမြင်ရတယ်၊ အစ်ကိုက အေးလည်း အေးတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့က “ရခဲ့သမျှ အရာရာ” ဆိုတဲ့ ဇာတ်လမ်းတွဲကန်တော့ပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Khin Lay Nwe

ခင်လေးနွယ်ကတော့ ချစ်သူရှိတယ်ဆိုတာကို အင်တာဗျူးတွေမှာဖြေဆိုခဲ့ဖူးပြီးသားပါ။ ဒါပေမယ့် ချစ်သူရဲ့ မျက်နှာပုံစံကိုတော့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ အချစ်ရေးမှာ သိုဝှက်တတ်တဲ့ သူမကြောင့် အရမ်းကို အံ့သြခဲ့ရတဲ့ အနုပညာမောင်နှမတွေ၊ ပရိသတ်တွေလည်း အများကြီးပါ။ သူမအတွက်ကိုလည်း ဝမ်းသာဂုဏ်ယူနေတယ်လို့ သိရပါတယ်။ 

Photo: Thet Mon Myint

သက်မွန်မြင့်ကတော့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်ရင်ထဲရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးအနုပညာရှင်တွေထဲမှာ အရပ်မြင့်မြင့် ချစ်စရာကောင်းတဲ့ ရုပ်ရှည် စကားသံ ဝဲဝဲလေးနဲ့ ဆွဲဆောင်နိုင်သူကတော့ သက်မွန်မြင့်ပါပဲ။ သူမဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က