ပုဆိုးမဝတ်တတ်တဲ့ မေမေ့သားလေး။

ခင်ဇာခြည်ကျော်က ပုဆိုးကောင်းကောင်းမဝတ်တတ်တဲ့ သားဖြစ်သူ ဘုန်းမင်းနေလရဲ့ အကြောင်းကို သဘောကျရယ်မော၊ စနောက်ရင်းပြောဆိုခဲ့ပါတယ်။

Photo: Mie Mie Lay



ခင်ဇာခြည်ကျော်က ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရွှေကြိုတစ်ယောက်အဖြစ် ပါဝင်သွားမယ့် သားဖြစ်သူ ဘုန်းမင်းနေလအတွက် စိုးရိမ်စိတ်ဖြစ်မိပါတယ်တဲ့။ ဒါကတော့ သားလေးက ပုဆိုးကောင်းကောင်းမဝတ်တတ်သေးဘူးလို့ မီဒီယာတွေမှာ ရယ်ရယ်မောမောဖြေဆိုခဲ့ပါတယ်။

‘’ သူပုဆိုးမဝတ်တတ်ဘူးလေ။ အဲဒါပဲ စိတ်ပူတာ ကျန်တဲ့အရာတွေတော့ စိတ်မပူပါဘူး ပုဆိုးဝတ်တာလေးပဲ စိတ်ပူတာပါ။ ဒါပေမယ့် နောက်တော့လည်း ဝတ်တတ်သွားမှာပါ’’ လို့ သဘောကျရယ်မောရင်း ပြောပြထားပါတယ်။

Photo: Phone Min Nay La

မိခင်ဖြစ်သူရဲ့ စကားအပေါ် ဘုန်းမင်းနေလကလည်း တုံ့ပြန်စကားပြန်လည်ပြောပြထားပါတယ်။ သားအမိနှစ်ယောက်ရဲ့ ဖြေဆိုမှုလေးကလည်း တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။

‘’ ပုဆိုးက ဝတ်တတ်တယ်။ မဝတ်တာ ကြာလို့။ ဒီပုဆိုးကိုလည်း အာရုံမစိုက်တော့ဘူး။ အဆင်မပြေရင် ခါးပတ်ပဲ ပတ်ထားလိုက်တော့မယ်။ အာရုံစိုက်ပြီးတော့ အချော်လဲ မခံနိုင်ဘူး’’ ဆိုပြီးတော့ ရွှေကြိုမောင်မယ် မိတ်ဆက်ပွဲမှာ ရှက်ကိုးရှက်ကန်းနဲ့ သဘောကျရင်း ဖြေဆိုပေးခဲ့ပါတယ်။

Photo: Phone Min Nay La

ဘုန်းမင်းနေလဟာ သူကိုယ်တိုင် ရွှေကြိုတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေ ပြည့်ခဲ့ပြီလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သားဖြစ်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ ခင်ဇာခြည်ကျော်ရဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြလာပါတယ်။

‘’ကိုယ့်သား ဖြစ်ချင်တဲ့ ဆန္ဒကို အမေတစ်ယောက်အနေနဲ့ Supporting လုပ်ပေးရတာပေါ့။ သားသားက ရင့်ကျက်လာပါပြီ ဒါတောင် နိုင်ငံခြားသွားတာ ၂ လပဲ ရှိသေးတာနော်။ ၂ နှစ်လောက်ဆိုရင်တော့ စမတ် ဖြစ်ပါပြီ’’ လို့ သူကဆိုပါတယ်။

Photo: Mie Mie Lay

ခင်ဇာခြည်ကျော်မှာတော့ မိန်းကလေးပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားတဲ့ သားကြီး ဘုန်းမင်းနေလ နဲ့ ချစ်စရာကောင်းတဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားပါတယ်။ သားကြီး ဘုန်းမင်းနေလ ဟာ ပညာရေးမှာလည်း ကြိုးစားနေသလို သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလည်း တတ်နိုင်သလောက် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က