ပရိသတ်ဝေဖန်မှုတွေရှိလာတဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောလာခဲ့ပါတယ်။

သရုပ်ဆောင် ညီနန္ဒကတော့ “ ငါတို့ အားလုံးရဲ့ မြေ” သီချင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားတွေကို အခုလို ပြောပြလာပါတယ်။ 

သရုပ်ဆောင် ညီနန္ဒဟာ ဒါရိုက်တာ ယုန်လေး ပုံဖော်ရိုက်ကူးထားတဲ့ “ ငါတို့ အားလုံးရဲ့မြေ” သီချင်းမှာ ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။ ဒီသီချင်း MTV ထဲမှာတော့ ညီနန္ဒဟာ စစ်ဗိုလ်ချုပ် ကာရိုက်တာအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ “ ငါတို့ အားလုံးရဲ့မြေ” သီချင်း နဲ့ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို Duwun ကနေ ပြောပြလာပါတယ်။ 



“ အဓိက ကတော့ အစ်ကိုတို့က ဒါရိုက်တာ ခိုင်းတာကို သရုပ်ဆောင်တယ်။ အကုန်လုံးကို ခြုံပြီးကြည့်လိုက်ရင် တင်ပြပုံကတော့ ဘယ်သူနဲ့ဆိုင်သလဲဆိုတာ အားလုံးသိပါတယ်။ ဒါပေမယ့် အစ်ကို့ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် အစ်ကိုသည် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှ အရှုပ်အရှင်းမရှိခဲ့ဖူးဘူး။ အခုလည်း ဘာမှရှုပ်ဖို့ စိတ်ကူးမရှိဘူး။ နောင်လည်း အဲဒီလို လုပ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ဒီလိုဖြစ်သွားတဲ့အပေါ် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပါတယ်။ နောက် ဒီလိုမဖြစ်အောင် အတတ်နိုင်ဆုံး ဆင်ခြင်မယ်လို့ ပြောချင်ပါတယ်” လို့ သြဂုတ်လ(၄) ရက်နေ့က ဖြေဆိုခဲ့တာပါ။ 

“ငါတို့ အားလုံးရဲ့ မြေ” သီချင်းမှာ ပါဝင်သရုပ်ဆောင်ဖို့ အတွက် ဒါရိုက်တာ ယုန်လေးဘက်က စတင်ကမ်းလှမ်းခဲ့တယ်လို့ ညီနန္ဒ ကဆိုပါတယ်။ သီချင်းတစ်ပုဒ်လုံးပြီးအောင် ကြည့်ပြီးတဲ့ အချိန်မှာ သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

“ အစ်ကို့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာတောင်မှ အစ်ကိုပါဝင်သရုပ်ဆောင်ထားတယ်ဆိုပေမယ့် ပြန် မ Share ထားဘူး။ အဲဒီလောက်ဆိုရင်တော့ အစ်ကို အနုပညာကိုပဲ လုပ်တယ်ဆိုတာ သိစေချင်တာပါ။ နောက်တစ်ခါ ဒါမျိုး မဖြစ်အောင်လို့ပဲ ဆင်ခြင်တော့မယ်လို့ ပြောချင်တယ်” လို့ ဆက်လက် ပြောပြထားပါတယ်။ 


ညီနန္ဒက ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးခဲ့ကြတာပါ။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က