loading...

loading...

loading...

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုယူရတယ်။
Sabal Thwin

ရွှေဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးကတော့ ပရိသတ်တွေကြားမှာ အားကျရလောက်စရာ လူငယ် အိမ်ထောင်ရေး တစ်ခုပါ။ လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းကိုလည်း သူက ပြောပြခဲ့ပါသေးတယ်။ 

Photo: Amazing Grace

ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ အိမ်ထောင်ရေးကတော့ တစ်နှစ်ကျော် ကြာလာခဲ့ပြီဖြစ်ပါတယ်။ ရွှေမှုံကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရေကူးကန်က ဓာတ်ပုံကိုတင်ခဲ့တဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ သဲက အခု ကျန်းမာရေးကောင်းပါတယ်။ ရိုးရိုးဖျားတာလောက်ပဲရှိတာ။ အရင်တုန်းကလို ဆေးရုံတက်ရ တာမျိုးတော့ မရှိဘူး။ ရေကတော့ ကူးမှာပဲ ကိုရွှေထူးနဲ့ စိတ်ကောက်တဲ့ အချိန် ရေကူးတဲ့ပုံတင်လိုက်တာ။ မသိမသာလေး ရေကူးတာပေါ့” ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။

Photo: Shwe Hmone Yati

ရွှေ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးကိုတော့ အားကျတဲ့ ပရိသတ်တွေ အများကြီးပါ။ ဒါပေမယ့် ရွှေမှုံရတီက သူကိုယ်တိုင် ခံယူထားတဲ့ အချစ်ကိုတော့ အခုလို အဓိပ္ပာယ်ဖွင့်ဆိုလာပါတယ်။

“ သဲရဲ့ အချစ်ကတော့ ရိုးရှင်းပါတယ်။ တချို့အရာတွေမှာတော့ ချစ်သူဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုယူရတာပဲ။ လင်မယားဆိုလည်းနားလည်မှု ယူရတယ်။ လင်မယား ဆိုတာက ပိုပြီးတော့တောင် နားလည်မှု ယူရတာပါပဲ။ သူဖြစ်ချင်တာကိုပဲ သူ စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး ထားပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့က “မိုက်မဲချစ်” ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Amazing Grace

ရွှေမှုံရတီနဲ့ ရွှေထူးတို့ ဇနီးမောင်နှံကတော့ မကြာခင်မှာ “ကမ်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတွဲ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သူတို့ ဇနီးမောင်နှံ နှစ်ယောက် တွေ့ဆုံတဲ့ ဒုတိယမြောက် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ပထမအကြိမ် စတင်တွေ့ဆုံခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ကတော့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၉ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့ပြီးပါပြီ။

Photo: Shwe Mhone Yati

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေထူးကလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်သလို ရွှေမှုံရတီကလည်း တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က