တစ်နေ့ထက် တစ်နေ့ ရင့်ကျက်လာတယ်။

ဝတ်မှုံရွှေရည်ကတော့ သူမကိုယ်တိုင် ရင့်ကျက်ပြောင်းလဲ လာတဲ့ အရာတွေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo Nge



သရုပ်ဆောင် ဝတ်မှုံရွှေရည်ကတော့ သြဂုတ်လ(၁၀) ရက်နေ့မှာ အသက် (၃၂) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူမရဲ့ အသက်အရွယ်အရ ပြောင်းလဲလာတဲ့ ရင့်ကျက်မှုတွေကိုလည်း မီဒီယာတွေကို အခုလို ပြောပြခဲ့ပါသေးတယ်။ 

“ ပြောင်းလဲမှုတွေကတော့ အများကြီးပဲ တစ်နှစ်ထက် တစ်နှစ်၊ တစ်ရက်ထက် တစ်ရက် မတူဘူး။ ပတ်ဝန်းကျင်၊ အတွေ့အကြုံ၊ အလုပ်၊ ဒါတွေကပဲ ကိုယ့်ကို ပြောင်းလဲစေတာပေါ့။ ဒါတွေကကောင်းသော ပြောင်းလဲခြင်းပါ။ ပိုပြီးတော့ သိလာတာ၊ ခွင့်လွှတ်တတ်တာ၊ နားလည် တတ်တာ၊ အကောင်းမြင်တတ်လာမှုတွေက ပိုပြီးတော့ ရင့်ကျက်လာတာတွေ၊ ကောင်းသော ရင့်ကျက်ခြင်းတွေလို့ ကစ်ကတော့ ခံယူထားတယ်” ဆိုပြီးတော့ သြဂုတ်လ(၈) ရက်နေ့က သူမရဲ့ မွေးနေ့အကြို အလှူမှာ ဖြေဆိုခဲ့တာပါ။

Photo: Nge

ပရိသတ်တွေကတော့ ဝတ်မှုံရွှေရည်ကို အသက်(၃၂) နှစ်လို့ မထင်ရအောင် အရမ်းနုပျိုတယ်လို့ သတ်မှတ်ထားကြပါတယ်။ ဝတ်မှုံရွှေရည်ကိုယ်တိုင်ကလည်း စိတ်ကို အရိုးရှင်ဆုံးနေတတ်သူပါလို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ ကစ်ကတော့ ကိုယ့်စိတ်ကို အမြဲတမ်းပြုပြင်တယ်။ စိတ်ကို အတတ်နိုင်ဆုံး ရှင်းရှင်းထားတယ်။ Positive မဖြစ်အောင် အမြဲတမ်း တွေးတယ်၊ ဆင်ခြင်တယ်။ စိတ်တွေ ညစ်နေရင်၊ စိတ်တွေရှုပ်နေရင် ဘယ်လောက်ပဲ အလှပြင်ပြင် ကိုယ့်မျက်နှာမှာ ပေါ်နေတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ကို ရှင်းရှင်းထားတယ်၊ ပျော်အောင်နေတယ် ဒါကြောင့်လည်း နုနေတာ ထင်ပါရဲ့။ ကစ်တဲ့ ပိုနုတဲ့ သူတွေလည်း ရှိပါသေးတယ်” လို့ ရယ်ရယ်မောမော နဲ့ ပြောပြလာပါတယ်။ 

Photo : Wutt Hmone Shwe Yi

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က