အောင်မြင်တယ်လို့လည်း မခံယူထားဘူးလို့ ဆိုပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ ဂီတလောကမှာ ထိပ်တန်းအဆိုတော် တစ်ဦးဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် အောင်မြင်နေတယ်လို့ ခံယူချက်မထားဘူးလို့ ဆိုပါတယ်။ 

Photo: Sai Sai



အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော် တစ်ဦးပါ။ သူဖြတ်သန်းလာတဲ့ ဂီတရေစီးကြောင်းပေါ်မှာ ကြိုးစားနေတဲ့အရာတွေကတော့ အရင်တုန်းက စိုင်းစိုင်း နဲ့ အခုစိုင်းစိုင်း မပြောင်းလဲပါဘူးလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုချိန်မှာ ကျွန်တော့်ကိုယ် ကျွန်တော် အောင်မြင်တယ်လို့ ခံယူထားတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်တော့ အရင်တုန်းက စိုင်းစိုင်းနဲ့ အခုစိုင်းစိုင်း အတူတူပဲလို့ထင်ပါတယ်။ အရင်တုန်းက ဝါသနာပါတဲ့ အလုပ်ကိုပဲ ကျွန်တော် အခုလုပ်နေတယ်။ အရင်တုန်းက ခွန်အားမျိုးနဲ့ပဲ အခုထိ အလုပ်လုပ်နေတယ်။ အရင်တုန်းက စိုင်းစိုင်းနဲ့ အခု စိုင်းစိုင်း မပြောင်းလဲပါဘူး။ အသက်တော့ ပိုကြီးလာတယ်။ အတွေ့အကြုံတွေ ကွာလာမယ်။ ဖြတ်သန်းလာတဲ့ အချိန်မှာ ဗဟုသုတတွေ ကွာလာတာတော့ ရှိပါလိမ့်မယ်။ ကျန်တာတော့ အတူတူပါပဲခင်ဗျာ” ဆိုပြီးတော့ ရှမ်းရွှေတောင် လက်ဖက်ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Faith

လက်ရှိမှာတော့ စိုင်းစိုင်းခမ်းလှိုင်ဟာ Covid ကြောင့် ဂီတအလုပ်တွေ ရပ်နားထားတာ တွေ့ရပါတယ်။ သူ့ရဲ့ Birthday Show ကိုလည်း အိမ်မှာနေရင်း Sai Sai Pay ကနေ တဆင့် ပရိသတ်ကို ဖျော်ဖြေပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Covid ကာလကြီးလည်း အမြန်ဆုံး ပြီးစေချင်ပြီလို့ စိုင်းစိုင်းက ပြောလာခဲ့ပါတယ်။ 

“ ၂၀၂၀ ဝါကျွတ်မှာ ကျွန်တော် ထူးခြားစေချင်တာက COVID-19 အတွက် ကာကွယ်ဆေးတို့၊ ကုသလို့ရမယ့် ဆေးတို့ ပေါ်လာပြီး ကိုရိုနာကြီး ထူးခြားစွာ ပျောက်ကွယ်သွားဖို့ပါပဲ။ အခု ဝါကျွတ်ဖို့ကလည်း သိပ်မလိုတော့ဘူးလေ။ အခုဆို ဝါကျွတ်ဖို့က တစ်လ၊ နှစ်လ လောက်ပဲ လိုတော့တာဆိုတော့ အခုပြောလိုက်တာတွေက ဝါကျွတ်မှာ ကျွန်တော် ဖြစ်စေချင်တဲ့ ဆန္ဒပါပဲ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Sai Sai

 စိုင်းစိုင်းဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဂီတမှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က