လူတိုင်းမှာ အတိတ်ဆိုတာရှိပါတယ်။

ပန်းပန်ကတော့ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ သူမရဲ့ အချစ်ရေး အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။ 

photo: pan pan



သရုပ်ဆောင် ပန်းပန်ကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးရရှိထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေဖြန့်ခဲ့တဲ့ နေတိုးနဲ့ အတွဲဓာတ်ပုံထဲက ကောင်မလေးဖြစ်ပါတယ်။ သူမကတော့ တစ်ချိန်တုန်းက အနုပညာအလုပ်တွေ လုပ်ခဲ့ဖူးသူ တစ်ယောက်ပါ။ 

သူမရဲ့ အချစ်ရေးအကြောင်းတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်က ပရိသတ်တွေ သိအောင် ထုတ်ဖော်လာတဲ့ အပေါ် ပန်းပန်က သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

“ အခုလိုလုပ်တာ ကောင်းတော့ မကောင်းဘူးပေါ့။ လူတိုင်းမှာ အတိတ်ဆိုတာ ရှိကြတယ်။ ကိုယ်မေ့ထားခဲ့တဲ့ အတိတ်တစ်ခုကို ဖော်တာတို့၊ လက်ရှိဖြစ်နေတဲ့ သတင်းအကြောင်းအရာ၊ ကိုယ့်ရဲ့ ဖြစ်ပေါ်နေတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကို ဖော်ပြခံရတာဖြစ်တဲ့အတွက် ကာယကံရှင်တွေအနေနဲ့ကျတော့ စိတ်မကောင်းဖြစ်မယ်၊ စိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုတာတွေရှိတဲ့အတွက် မလုပ်သင့်ဘူးလို့တော့ ထင်ပါတယ်” လို့ ဆိုပါတယ်။ 

photo: pan pan

သရုပ်ဆောင် ပန်းပန်ဟာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတယ်လို့ သိရပါတယ်။ အချစ်ရေးအကြောင်းတွေ မစဉ်းစားသေးပဲ အလုပ်တွေ ပိုကြိုးစားတော့မယ်လို့ သူက ဆိုပါတယ်။ 

“ ပန်းက အခုချိန်မှာ အလုပ်ဘက်ကိုပဲ ပိုပြီးတော့ စိတ်အားထက်သန်နေတာပါ။ အချစ်အတွက်နဲ့ အချိန်ပေးခဲ့တာတွေကလည်း နှစ်တွေလည်း အများကြီးပဲ။ ကိုယ်က အလုပ်လည်း သေချာမလုပ်ခဲ့ဘူး။ အခုကျတော့ အသက်အရွယ်လေးလည်း တစ်ခုရလာပြီဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အနာဂတ်အတွက် တစ်ခုခု လုပ်ရတော့မယ်။ ပန်းကတော့ အပျိုကြီးလုပ်မယ်လို့ စိတ်ကူးပေမယ့် မိဘတွေက အိမ်ထောင်ပြုစေချင်တယ်။ ဒါကြောင့် ပန်းနဲ့ စိတ်တူကိုယ်တူပုံစံမျိုးကိုပဲ ရွေးချယ်ဖြစ်မယ်လို့ထင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

photo: pan pan

ပန်းပန်ကတော့ ၂၀၀၀ ခုနှစ်ဝန်းကျင်က အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတစ်ယောက်ပါ။ သူမရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့သလို ပရိသတ်တွေနဲ့လည်း အဆက်ပြတ်သွားခဲ့ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နေတိုးနဲ့ အတွဲဓာတ်ပုံတွေ တက်လာခဲ့တဲ့ အချိန်မှာပရိသတ်တွေကို ပြန်လည် သတိရလာစေခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က