သူတို့ရဲ့ ဝါသနာတွေကလည်း တားမရဘူး။

Kညီကတော့ သားနှစ်ယောက်စလုံးကို အနုပညာအလုပ်တွေ လုပ်စေချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့သားတွေက အနုပညာအလုပ်ကို ဝါသနာမပါကြဘူးတဲ့။

Photo: K Nyi



K ညီကတော့ ချစ်စရာကောင်းတဲ့ သားနှစ်ယောက်ရဲ့ အဖေ ဖြစ်ပါတယ်။ သားနှစ်ယောက်ရဲ့ အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’သားတွေမှာက အကြီးကောင်က အနေအေးတယ်။ အငယ်ကောင်က သွက်တယ်။ တစ်မျိုးစီပေါ့။ မိန်းမကတော့ ပြောတယ် အငယ်ကောင်က နင်နဲ့ တော်တော်တူတယ်တဲ့ စိတ်နေသဘောထားက အစပေါ့။ အဲဒါတော့ ဝမ်းသာစရာပေါ့။’’ လို့ သူကဆိုပါတယ်။

Photo: K Nyi

K ညီကတော့ သားနှစ်ယောက်စလုံးကို အနုပညာအလုပ်တွေ လုပ်စေချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သားအကြီးဆုံးကတော့ ပန်းချီကို အရမ်း ဝါသနာကြီးလွန်းတယ်လို့ ပြောပါတယ်။

‘’ ကိုယ်က အနုပညာလောက ကဆိုတော့ မင်းသားလုပ်မလား ဆိုတော့လည်းမလုပ်ဘူး၊ ဒါရိုက်တာ လုပ်မလားဆိုတော့လည်း မလုပ်ချင်ဘူး၊ မင်းသမီးနဲ့ တွဲပြီး ဇာတ်ကားတွေရိုက်မလားဆိုတော့လည်း မရိုက်ဘူးပဲ။ သူ ဘာလုပ်မလဲ မေးတော့ ပန်းချီပဲဆွဲမယ်တဲ့။ သူဆွဲတဲ့ ပုံတွေကတော့ အခုချိန်ထိ တစ်ပုံမှလည်း မတူသေးဘူး။ ကိုယ့်ပုံတွေ သူ ဆွဲပြီး လာလာပြတယ်’’ လို့ ဆိုပါတယ်။

Photo: K Nyi

သားအငယ်လေးကတော့ လက်ဝှေ့ထိုးတာတွေ ဝါသနာပါတယ်လို့ Kညီက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သားလေးရဲ့ နောက်ထပ် ဝါသနာကတော့ You Tube ကြည့်တာပါပဲတဲ့။

‘’ အငယ်လေးကကျတော့ You Tube ကြည့်တာ။ အသက်က ၁ နှစ်နဲ့ ၈ လကျော်ပဲရှိသေးတယ်။ You Tube Tube ဖြစ်နေတာ မျက်စိပျက်မှာစိုးလို့ မနည်းကို တားထားရတယ်။ တားရင်လည်း သူက ငိုပြီပဲ’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၆ ရက်နေ့က ‘’အကြင်နာမြစ်ဖျား’’ရုပ်သံဇာတ်လမ်းတွဲ အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: K Nyi

K ညီကတော့ အခုဆိုရင် ချစ်ရတဲ့ ဇနီးနဲ့ အတူ သားနှစ်ယောက်အဖေအဖြစ် ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ သူ့ကိုတော့ ဗီဒီယိုဇာတ်ကားတွေထဲက ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလာပြီး ပရိသတ်အခိုင်အမာ ပိုရလာတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် အခုချိန်ထိ ရပ်တည်နေတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က