အသက်(၃၆) နှစ်မှာ အိမ်ထောင်ပြုမယ့် ရည်ရွယ်ချက်ကို ပြောပြလာပါတယ်။

အေးမြတ်သူကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

Photo: Nay Yan



သရုပ်ဆောင် အေးမြတ်သူကတော့ အသက်(၃၆) နှစ်အရွယ်မှာ အိမ်ထောင်ပြုမယ်လို့ သိရပါတယ်။ သူမရဲ့ အိမ်ထောင်ရေးကိုလည်း သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာလို့လည်း သူကဆိုပါတယ်။ 

“ အရမ်းတွေးလွန်းလို့လည်း ဒီအသက်ဒီအရွယ်အထိ အခုလို ဖြစ်နေတာပါ။ အတွေးတွေ များလာတဲ့အခါမှာ အိမ်ထောင်ပြုဖို့ကို တွန့်ဆုတ်လာတယ်။ ဒီအသက်အရွယ်မှာ မိုက်ရူးရဲစိတ်မရှိတော့ဘူး။ ဖြစ်ချင်တာ ဖြစ်ဆိုတာ မရှိတော့ဘူး။ အဖက်ဖက်ကို အများကြီးတွေးရတာကြောင့်လည်း ပါမယ်ထင်တယ်။ မင်္ဂလာပွဲကတော့ နှစ်ဖက်မိဘတွေနဲ့ လူအမြင်တင့်တယ်အောင် လုပ်ရတာလေ။ ဒါတောင်မှ ကိုယ့် မင်္ဂလာပွဲမှာ လူရှိပါ့မလား၊ လူပြည့်ပါ့မလား၊ လူတွေချောင်နေပါ့မလားလို့ တွေးမိတယ်” ဆိုပြီးတော့ ဇွန်လ ၉ ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀) ပည့်အတွက် ရိုက်ကူးရေးကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။  

Photo: Aye Myat Thu

အေးမြတ်သူဟာ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အသက်(၃၅) နှစ်ကျော်ရင် အိမ်ထောင်ပြုမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် အသက်(၃၆) နှစ်အရွယ်မှာ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သူက ပြောပါတယ်။ 

“အသက် (၃၅) နှစ်ဆိုရင် နောက်နှစ်ဖြစ်နေပြီလေ။ ဒီနှစ်မှာ မဆောင်ဖြစ်တဲ့သူတွေက နောက်နှစ်ကို အကုန်လုံး ရွှေ့သွားပြီလေ။ ကိုယ်က အခုမှ စမှာဆိုတော့ ထက်အလျှော့ပေးလိုက်တာပါ။ ကိုယ့်အသက် ကိုယ့်အရွယ်ကလည်း အချစ်ကို ရူးမိုက်ရမယ့် အရွယ်မဟုတ်ဘူးလေ။ အရမ်းချစ်လို့ လက်ထပ်တယ် ဆိုတာမျိုးဟာ အေးမြတ်သူတို့အရွယ်မှာ ဖြစ်လို့ မရလောက်တော့ဘူးထင်တယ်။” လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ 

Photo: Aye Myat Thu

အေးမြတ်သူကတော့ အသက်(၃၆) နှစ်အရွယ်မှာ အိမ်ထောင်ပြုချင်တဲ့ ဆန္ဒကို ဇွန်လ(၈) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့တာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက် မဖြစ်ခင်ကတည်းက ဈေးထဲမှာ အထည်ရောင်းခဲ့ရသူပါလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က