တစ်ယောက်နဲ့ တစ်ယောက် စနောက်ခဲ့ကြတာပါ။

ကျော်ကျော်က ဆုမြတ်နိုးဦးနဲ့ အတွဲပုံတွေ ရိုက်ပြီး တင်ဖြစ်တဲ့အကြောင်းတွေ ပြောလာပါတယ်။ ကျော်ကျော်က တွဲရိုက်ချင်လွန်းလို့ ရိုက်ခွင့်ပေးလိုက်တာလို့လည်း ဆုမြတ်နိုးဦးက ပြောပါတယ်။

Photo: Kyaw Kyaw



သရုပ်ဆောင်ကျော်ကျော်ကတော့ ဆုမြတ်နိုးဦးနဲ့ ဓာတ်ပုံတွေ တင်ပြီး စနောက်ဖြစ်တဲ့အကြောင်းတွေ ပြောလာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဦးတဲ့သူက မျက်နှာပြောင်တာပဲဆိုပြီးတော့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။

“ ပရမ်းပတာ Bff ဆိုတဲ့ Page မထောင်ခင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် ဦးတဲ့သူ ဝုန်းပဲ။ အခု Page ထောင်လိုက်တော့ တရားဝင် ဝုန်းခွင့်ရသွားတယ်ပေါ့။ အဓိက ကတော့ ကျွန်တော်တို့က အနိုင်မခံ အရှုံးမပေးဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ပြောကြတာပေါ့နော်။ သူလည်း သူ့ဂွင်ထဲရောက်ရင်ပြော၊ ကိုယ်လည်း ကိုယ့်ဂွင်ထဲရောက်ရင်ပြောပေါ့”လို့ ဆိုပါတယ်။

Photo: Kyaw Kyaw

ကျော်ကျော် ပြောတဲ့ စကားတွေအပေါ်ကိုလည်း ဆုမြတ်နိုးဦးက ရယ်ရယ်မောမောနဲ့ ပညာသားပါပါ ပြန်လည်ချေပလိုက်ပါတယ်။

“ ပုံတင်ထားတယ်လေ။ မြတ်နိုးက တင်ခိုင်းလို့ သူက တင်ရပါတယ်ပေါ့။ သူက မတင်ချင်ပါဘူးဆိုပြီးတော့ ပြောထားတာ။ ဆုတောင်းလေ အတင်း နှစ်ယောက်တွဲရိုက်ချင်တယ်ဆိုလို့ ရိုက်ပေးထားတာ ကိုယ်က မရိုက်ဘူး ဘူပိတ်တယ်၊ လာဘ်ပိတ်တယ်၊ ဝေးဝေးနေဆိုတာကို အတင်းရိုက်ပြီးတော့မှ သူက ရေးပြီးတင်တဲ့ ပုံစံက တစ်မျိုး။ ရိုက်ချင်တော့လည်းသူ ပုံတင်တော့လည်း မြတ်နိုးက တင်ခိုင်းလို့ တင်ပေးရပါတယ်ပေါ့”ဆိုပြီးတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ညက ဗိုလ်နေတိုး ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ‌ေဖြေဆို ခဲ့တာပါ။

Photo: Kyaw Kyaw

သရုပ်ဆောင် ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့က ချစ်သူတွေဖြစ်နေကြတာလားဆို တဲ့သတင်းတွေက အရင်တုန်းက ထွက်ပေါ်ခဲ့ဖူးပါတယ်။ ချစ်သူတွေ မဟုတ်ဘူးဆိုတာလည်း မီဒီယာအင်တာဗျူးတွေကနေတဆင့် နှစ်ယောက်စလုံးက ငြင်းဆိုခဲ့ကြတာတွေ့ရပါတယ်။ လက်ရှိမှာတော့ ကျော်ကျော်၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့ သုံးယောက်ပေါင်းပြီး ‘’ပရမ်းပတာ Bff’’ ဆိုပြီးတော့ Facebook Page လေးထောင်ပြီး သူတို့ သုံးယောက်ရဲ့ လှုပ်ရှားမှုတွေတိုင်းကို ပရိသတ်တွေဆီ ဝေမျှလေ့ရှိနေတာ တွေ့ရပါတယ်။

ကျော်ကျော်ကိုတော့ ဗီဒီယိုဇာတ်ကား၊ တီဗီကြော်ငြာ နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးကိုလည်း ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေနဲ့ ဖက်ရှင် မဂ္ဂဇင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က