သူ့ရင်ထဲက စကားတွေရင်ဖွင့်လာပါတယ်။

ဖွေးဖွေးဟာ ကိုယ်လုပ်ချင်တဲ့အရာကို လုပ်ပြီး လူပီသအောင်နေမယ်လို့ ပြောပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် အရမ်းကို ကြိုးစားလွန်းတဲ့သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

Photo: Phway Phway



ဖွေးဖွေးကတော့ သူမရင်ထဲက ခံစားချက်လေးတွေ ရင်ဖွင့်ပြောပြလာပါတယ်။ သူမရဲ့ စိတ်တိုင်းကျ လုပ်ချင်တဲ့အလုပ်လေးတွေ လုပ်ပြီး လူပီသအောင်နေမယ်လို့ ဆိုပါတယ်။

“ကိုယ့်ကိုယ်ကို ပန်းချီဆွဲချင်ဆွဲမယ်။ အလုပ်တွေဖိလုပ်မယ်။ အစားတွေရှောင်မယ်။အစားတွေစားချင်လဲစားမယ်၊ တစ်ယောက်ထဲနေချင်လည်းနေမယ်။ အဖွဲ့လိုက်ပျော်ရင်လဲပျော်မယ်၊ နင့်ကိုချစ်ချင်လည်း ချစ်မယ်။ ငါစည်းကမ်းတွေစောင့်မယ်၊ စည်းကမ်းတွေပျက်ရင်လည်း တစ်ခါတလေပျက်နိုင်မယ်။ ဒါပေမယ့်... ငါ လူပီသမယ်။ #ဖွေးဖွေး” ဆိုပြီးတော့ နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့တာတွေ့ရပါတယ်။

Photo: Phway Phway

ဖွေးဖွေးဟာ ဂီတကိုလည်း ဝါသနာပါသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် သီချင်းတွေလည်း ဆိုချင်သေးတယ်လို့ Comment ကနေတဆင့် သူမရဲ့ ပရိသတ်တွေကို ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။ သူမဟာ တခြားသူတွေနဲ့ အမြင်မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေးဖွေးက ဗီဒီယိုဇာတ် ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်နဲ့လည်း ညီအစ်မဝမ်းကွဲတော်စပ်သူဖြစ်ပါတယ်။

Photo: Phway Phway

ဖွေးဖွေး(Phway Phway)က ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က