COVID-19 ကာလမှာ ပရိသတ်တွေလည်း အတတ်နိုင်ဆုံး အိမ်မှာနေပါလို့ သူက ပြောပါတယ်။
Sabal Thwin

သရုပ်ဆောင် ဧဝရက်မိုးကတော့ COVID-19 ကာလမှာ သူချစ်ရတဲ့ ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်စေချင်တဲ့ အကြောင်းပြောပြလာပါတယ်။ 

Photo: Eve

မြန်မာပြည်ဖွား ထိုင်းမင်းသားချောလေး ဧဝရက်မိုးကတော့ COVID-19 ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး သူသိထားတဲ့ အရာတွေကို ပြန်လည် မျှဝေခဲ့ပါတယ်။ ဒီရောဂါပိုးတွေဟာ လူအချင်းချင်းတင်မက ပစ္စည်းတွေကနေတဆင့်လည်း ကူးစက်နိုင်တယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

“ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော် ဝေမျှချင်တာက အတတ်နိုင်ဆုံး အပြင်ကို မထွက်ကြဖို့ တောင်းဆိုချင်ပါတယ်။ တကယ်လို့ မဖြစ်မနေ ထွက်ရပြီဆိုရင်လည်း Mask တပ်ပါ၊ Handgel မဖြစ်မနေဆောင်ပါ။ အပြင်ကနေ ပြန်လာရင်လည်း လက်တွေ၊ ခြေတွေကို ဆပ်ပြာနဲ့ သေချာဆေးပါ။ ကိုယ့်ရဲ့ အသုံးအဆောင် ပစ္စည်းတွေမှာလည်း ရောဂါပိုး ကပ်ငြိနိုင်တာကြောင့် သေသေချာချာ အရက်ပြန်နဲ့ဆေးဖို့ လိုပါတယ်။ ပြီးတော့ အဓိက အရေးကြီးတာက ဖုန်းပေါ့ ဖုန်းကိုလည်း အရက်ပြန်လေးနဲ့ ဂွမ်းလေးနဲ့ သေချာ သုတ်စေချင်ပါတယ်” လို့ သူကပြောပါတယ်။ 

Photo: Eve

သူဟာ အနုပညာအလုပ်တွေ လုပ်နေရတာဖြစ်တဲ့အတွက် အရင်တုန်းက မိသားစုကို အချိန်သိပ်မပေးနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ဒါကြောင့် အိမ်မှာနေပြီး မိသားစုနဲ့ ပိုပြီး ပျော်ပျော်ရွှင်ရွှင်နေဖြစ်တယ်လို့ ဧဝရက်မိုးက ပြောပါတယ်။ 

“ Stay Home ကာလကလည်း ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မိသားစုကို ပိုပြီးတော့ အချိန်ပေးဖြစ်တယ်။ အရင်တုန်းက ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ မိသားစုကို သိပ်ပြီးတော့ အချိန်မပေးဖြစ်ဘူး။ ဒါကြောင့် အဆိုးထဲက အကောင်းကို တွေးပြီးတော့ COVID-19 ရောဂါကို ကျွန်တော်တို့ အတူတကွ တိုက်တွန်းကြရအောင်လား ခင်ဗျာ" လို့ သူကဆိုပါတယ်။  

Photo: Eve

ဧဝရက်မိုးဟာ လက်ရှိ COVID-19 ကာလမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေကိုသာ ယုံကြည်ပေးဖို့ ဆက်လက် ပြောပြလာပါတယ်။ 

“ Stay Home ကာလမှာ ကျွန်တော် စိတ်ဝင်စားတဲ့ အရာလေးတွေ လေ့လာဖြစ်တယ်။ ရုပ်ရှင်ကြည့်တယ်၊ သီချင်းနားထောင်တယ်။ မိသားစုနဲ့ အတူတူနေတာဖြစ်တဲ့အတွက် အမေ လိုအပ်တဲ့အရာလေးတွေကို ကျွန်တော် ကူညီပေးဖြစ်တယ်။ COVID-19 နဲ့ ပတ်သက်ရင်လည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေကိုပဲ ယုံပေးကြပါလို့ ကျွန်တော်ပြောချင်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Eve

ဧဝရက်မိုးဟာ ထိုင်းနိုင်ငံမှာ Eve ဆိုတဲ့ နာမည်နဲ့ အနုပညာအလုပ်တွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူဟာ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ထုတ်လုပ်ရေး တစ်ခုဖြစ်တဲ့ GMM နဲ့ လက်တွဲပြီး ဇာတ်လမ်းတွဲ ရိုက်ထားတာကိုလည်း တွေ့ရပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို အလည်ပြန်ရောက်နေတာဖြစ်ပြီး အနုပညာအလုပ်တွေအတွက် အထောက်အကူဖြစ်စေမယ့် ထိုင်းဘာသာစကားကိုလည်း ဆက်လက် လေ့လာသွားမယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့လည်း ရှေ့လျှောက်မှာလည်း သူဝါသနာပါတဲ့ အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာဖြစ်ပြီး GMM နဲ့ (၅) နှစ် စာချုပ် ချုပ်ဆိုထားတာ ဖြစ်လို့ GMM နဲ့အတူ ဇာတ်ကားတွေ ဆက်ရိုက်သွားဦးမှာ လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံကို စက်တင်ဘာလမှာ ပြန်သွားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်ဝေဖန်ပြီး အားပေးကြပါဦးလို့ Eve က လက်အုပ်လေးချီကာ ပရိသတ်ကို တောင်းဆိုလိုက်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က