loading...

loading...

loading...

ဝမ်းသာစရာ သတင်းပါပဲ။
Ei Ei Myat

နိုင်ငံကျော် Brand များရဲ့ Brand Ambassador တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းက အူရီဒူးမြန်မာရဲ့ Brand Ambassadorတစ်ဦး ဖြစ်လို့လာခဲ့ပါပြီ။

 

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ စိုင်းစိုင်းကတော့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကွန်ယက်တစ်ခုဖြစ်တဲ့ အူရီဒူးမြန်မာရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံလိုက်ရပြီ ဖြစ်ပါတယ်။ Brand Ambassador ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်းကိုလည်း အူရီဒူး မြန်မာမှ ဖေဖော်ဝါရီ(၁၉) ရက်နေ့က သတင်းထုတ်ပြန််ကြေညာခဲ့ပါတယ်။

စိုင်းစိုင်းကိုယ်တိုင်ကလည်း သူရဲ့ ဖေ့စ်ဘွတ်မှာ အူရီဒူးမြန်မာနဲ့ Relationship တစ်ခု တည်ဆောက်လိုက်ပြီ ဖြစ်တယ်လို့ ဖေဖော်ဝါရီ(၂၀) ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။

စိုင်းစိုင်းဟာ နိုင်ငံကျော် Brand များရဲ့ Brand Ambassador တစ်ဦးပါ။ အခုဆိုရင်Brand (၈)ခုရဲ့ သံတမန်တစ်ဦးဖြစ်ခဲ့ပါပြီ။ စိုင်းစိုင်းအနေနဲ့ သံတမန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ brand တွေကတော့ G-Shock၊ Samsung ၊ Visa ၊ Casio ၊ Channel K ၊ Gatsby ၊ MAI ၊ Air KBZ နဲ့ အူရီဒူးမြန်မာ တို့ ဖြစ်ပါတယ်။

Photo : RBV

စိုင်းစိုင်းဟာ စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။သူဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။

Photo : RBV

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

 


loading...

က္က