ဇွန်လ ၁၉ ရက်နေ့က ရုံးချိန်းကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဝေဠုကျော်က ဇွန်လ၁၉ ရက်နေ့မှာ တရားရုံးတော်မှာ တင်ပြခဲ့တဲ့ အသံဖိုင်ဟာ သူ ဖမ်းခိုင်းတဲ့ အသံဖိုင်မဟုတ်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် သင်းသင်းကတော့ ဒီ အသံဖိုင်ကို ဝေဠုကျော်ကိုယ်တိုင် ဖမ်းခိုင်းခဲ့တာပါတဲ့။

ကာမ လိမ်လည်ရယူမှု ပုဒ်မ(၄၁၇) နဲ့ တရားစွဲဆိုခံထားရတဲ့ ဝေဠုကျော်က ဇွန်လ ၁၉ ရက်နေ့ ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် သင်းသင်းလည်း တက်ရောက်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်း အခြေအနေကို သင်းသင်းက မီဒီယာ အင်တာဗျူးတွေမှာ အခုလို ပြောပြခဲ့ပါတယ်။



‘’ရုံးချိန်း အခြေအနေက အသံဖိုင်ကို ဖွင့်နားထောင်ပါတယ်။ ဝေဠုကျော်က ချစ်သူအဖြစ် တွဲလာတဲ့ ၆ လကျော်၊ ၇ လအတွင်းမှာ သူ့မှာ ဘယ်လိုစိတ်ဓာတ်ရှိတယ်ဆိုတာကို ကိုယ့်ထက် ဘယ်သူက သိနိုင်ဦးမှာလဲ။ ဒီ ကိစ္စကိုလည်း သူက အသံဖိုင်သွင်းခိုင်းတယ်။ ပြောချင်တာက ဖုန်းက Auto Record ၊ ဒါကိုလည်း သူက အသံဖမ်းခိုင်းပါတယ်။ ကိုယ်က မိန်းကလေးဆိုတော့ ဒါကြီးကို ဘယ်လို အသံဖမ်းမလဲ။ ဝေဠုကျော်ကိုယ်တိုင်က အသံဖမ်းခိုင်းတာပါ။ ဝေဠုကျော်ဆီမှာလည်း ဒီအသံဖိုင် ရှိပါတယ်’’ လို့ ဇွန်လ ၁၉ ရက်နေ့က ရုံးချိန်းမှာ ပြောပြခဲ့တာပါ။


အဲဒီနောက် ဝေဠုကျော်ကလည်း သင်းသင်းပြောပြခဲ့သလို အသံဖမ်းခိုင်းခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အမှု အခြေအနေအပေါ် ဝေဠုကျော်က ပြောပြသွားခဲ့ခြင်း မရှိပါဘူ။

‘’ ကျွန်တော်ကတော့ ဘာမှ ပြောစရာမရှိပါဘူး။ အသံဖိုင်ကတော့ ကျွန်တော် မသွင်းခိုင်းထားပါဘူးခင်ဗျ။ သွင်းချင်ရင် ကျွန်တော့်မှာလည်း ဖုန်းရှိတာပဲ။ ကျွန်တော့်ဘာသာ ကျွန်တော် သွင်းမှာပေါ့’’ လိ့ု ဝေဠုကျော်က ပြန်လည်ပြောပြခဲ့ပါတယ်။

သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံ ရယူသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က