နေရဲကတော့ ရတဲ့ပိုက်ဆံ အိမ်ကို အကုန်ပြန်အပ်တယ်။

သိန်းလင်းစိုးကတော့ နေရဲ နဲ့ သူငယ်ချင်းသံယောဇဉ်တွေ၊ အမှတ်တရတွေ ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ရိုက်ကွင်းပေါ်မှာပဲ ဆုံတာများတယ်လို့ဆိုပါတယ်။

Photo: Thein Lin Soe



အဆိုတော် သိန်းလင်းစိုးကတော့ အခုဆိုရင် ဂီတလောကမှာသာမက သရုပ်ဆောင်ဘက်မှာပါ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေသူဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်တဲ့အချိန်မှာတော့ အမြဲတမ်းဆုံဖြစ်တာ နေရဲ နဲ့ပါလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ နှစ်ယောက်က ဇာတ်ကားရိုက်ပြီးသွားလို့ အနုပညာကြေးတွေ ရခဲ့ပြီဆိုရင် ကျွန်တော်က တစ်ဖက်မှာ သီချင်းလည်း လုပ်နေရတာဆိုတော့ အခုချိန်ထိ အိမ်ကို မထောက်ပံ့နိုင်သေးဘူး။ ကိုယ့်ဘာသာကိုယ် လည်ပြီးတော့ တိုင်ပတ်နေတာ။ နေရဲက ကျတော့ တစ်ပြားမကျန် ပိုက်ဆံအကုန်လုံး အိမ်ကို ပြန်အပ်တယ်။ ပြီးရင် သူ့မိဘတွေက ပြန်ပေးတဲ့ မုန့်ဖိုး ၁ သောင်း၊ ၂ သောင်းလောက်ယူပြီး အပြင်သွားတာ သူက။ရှုတင်မှာလည်း အိမ်က ပေးတဲ့ပိုက်ဆံနဲ့ လောက်အောင် သုံးတယ်။ မရှိရင် ကိုကြီး သားကိုမုန့်ဝယ်ကျွေးပါ။ ပုပ္ပါးမှာတုန်းက သူ့ကို ခေါက်ဆွဲပြုတ်ဝယ်ကျွေးထားတာ အဲဒီတုန်းက ၂ ယောက်ပေါင်းမှ ၁၅၀၀ ပဲ ရှိတာ’’ လို့ သူကဆိုပါတယ်။

Photo: Thein Lin Soe

အဲဒီနောက် သရုပ်ဆောင်နေရဲကလည်း သူ့ရဲ့ အနုပညာကြေးတွေကို မိဘတွေဆီ အကုန်ပြန်အပ်လေ့ရှိ တယ်လို့ ဖခင်ဖြစ်သူ ခင်လှိုင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူူူူးပါတယ်။ နေရဲကိုယ်တိုင်ကလည်း သူ့ရဲ့ လိုအပ်ချက်တွေကိုလည်း မိခင်က အကုန်ဖြည့်ဆည်းပေးတယ်လို့ ပြောပါတယ်။

‘’ အရင်တုန်းက ရတဲ့ ပိုက်ဆံတွေ အပ်ပြီးလို့ရှိရင် အမေက မုန့်ဖိုးပေးတယ်။ ၂ သောင်း၊ ၃ သောင်း မုန့်ဖိုးပေးတယ်။ အဲဒါလေးက ကျွန်တော့်အတွက် ရွှေပဲ။ ကျွန်တော်က အပြင်လည်း သိပ်မသွားဘူး။ ဖုန်းဘေကိုလည်း အမေက ထည့်ပေးတယ်။ အဲဒီအတွက် ကျွန်တော် ဘာမှ ကုန်စရာမရှိဘူး။ အကျႌအဝတ်အစားလည်း မလိုဘူး အမေဝယ်ပေးတာပေါ့နော်။ ကျွန်တော်လိုချင်တာ အမေ အကုန်ဝယ်ပေးတယ်။ ဒီပိုက်ဆံလေးက ကျွန်တော် မုန့်စားဖို့အတွက် သီးသန့်ပဲ ဒါလေးနဲ့တင် ဖူလုံနေပြီ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၀ ရက်နေ့က ‘’သခင်ကြီးနဲ့ ငါးပိတို့စရာ’’ရုပ်ရှင်ဇာတ်ကားအထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Thein Lin Soe

အဲဒီနောက် သိန်းလင်းစိုးက ရိုက်ကူးရေး မရှိတဲ့ အချိန်တွေမှာ လုပ်ဖြစ်တဲ့ အလုပ်လေးတွေ အကြောင်းပြောပြလာပါတယ်။

‘’ ကျွန်တော်တို့က ရှုတင်ရယ်၊ အိမ်ရယ်၊ စတူဒီယိုရယ်၊ တစ်ခါတလေ လက်ဖက်ရည်ဆိုင်ထိုင်တယ် ဒီလောက်ပဲ။ နေရဲ နဲ့တောင် ရှုတင်မှာပဲ ဆုံဖြစ်တာများတယ်။ အပြင်မှာမဆုံဖြစ်ဘူး ဘယ်အချိန်ခေါ်ခေါ်မရဘူး။ နေရဲက ဇာတ်ကားရိုက်ရှိရင်သာ သူ့အလုပ်သူလုပ်မယ်။ သူ့ကို ခေါ်လို့ရတဲ့အချိန်က ဘောလုံးကန်မယ့် အချိန်ပဲ ခေါ်လို့ရတာ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Thein Lin Soe

သိန်းလင်းစိုးကိုတော့ ပရိသတ်တွေက အဆိုတော်တစ်ယောက်အဖြစ် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်သံဇာတ်လမ်းတွဲတွေ လက်ခံရိုက်ကူးရင်း ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရတဲ့သူဖြစ်ပါတယ်။ နေရဲကိုတော့ ဇာတ်ပို့သရုပ်ဆောင် ခင်လှိုင်ရဲ့ သားအဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူကလည်း အခုဆိုရင် ရုပ်သံဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က