၃ ရက် ဝတ်မယ်လို့ ဇနီးဖြစ်သူ ဝါဝါအောင်က ပြောပါတယ်။

ဦးအောင်ခိုင်က လက်ရှိမှာတော့ မှော်ဘီမှာရှိတဲ့ အောင်ဇဗ္မူတောရကျောင်းမှာ ဘုန်းကြီးဝတ်နေတယ်လို့ သိရပါတယ်။ အနုပညာအလုပ်တွေ အားတဲ့အချိန်မှာ သာသနာ့ဘောင်ထဲ ဝင်ရောက်နေတာဖြစ်တယ်လို့ ဇနီးဖြစ်သူ ဝါဝါအောင်က ပြောပါတယ်။


Photo: Wah Wah Aung



ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် ဦးအောင်ခိုင်ကတော့ ဧပြီလ ၂၃ ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္မူတောရ ကျောင်းမှာ သင်္ကန်းဝတ်နေတာကို တွေ့ရပါတယ်။ ၃ ရက်အကြာဝတ်ဖြစ်မယ်လို့ ဇနီးဖြစ်သူ ဝါဝါအောင်က Duwun Media ကနေ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့ပါတယ်။

‘’သူက သင်္ကြန်အပြီးဝတ်ချင်တယ် ဆိုလို့ ဘာမှ ကြီးကြီးကျယ်ကျယ်တော့မလုပ်ပါဘူး။ ဒီလိုပဲ အလှူလေး နည်းနည်းလုပ်ပြီးတော့ ဝတ်လိုက်တာ။ အကြာကြီးမဟုတ်ပါဘူး ၂ ရက် ၃ ရက်လောက်ပဲ။ မနက်ဖြန် ည လောက်ဆို ထွက်မှာ ဘုန်းကြီးကျောင်းမှာလည်း ရဟန်းအပါး ၃၀၀ လောက် ဆိုတော့ နေရာလည်း သိပ်မရှိတော့ ထွက်လိုက်တာ ၂၆ ရက်နေ့လည်း အလုပ်လေးရှိတော့ အားတဲ့ရက်လေး ဝတ်လိုက်တာပါ’’လို့ သူကဆိုပါတယ်။


Photo: Wah Wah Aung

ဦးအောင်ခိုင်ရဲ့ ရဟန်းဘွဲ့ အမည်ကတော့ ဦးအာစာရဝံသ ဖြစ်ပါတယ်တဲ့။ သင်္ကန်းဝတ်တဲ့ နေ့မှာပဲ အလှူလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။

‘’ ဝတ်တဲ့နေ့မှာပဲ ကျောင်းရှိ သံဃာအကုန်၊ ကျောင်းသားတွေရော၊ ယောဂီတွေရော ကို ချန်ပီယံ ဒန်ပေါက် လှူလိုက်တယ်။ ပြီးတော့ သိမ်ဆင်းလောင်းလိုက်တယ်ပေါ့နော်။ ကျောင်းမှာရှိတဲ့ သံဃာတော်တွေကို ဆွမ်းကပ်လိုက်တယ်။ ဒီအလှူမှာတော့ အန်တီဝါတို့ အမျိုးတွေလောက်ပဲ ပါ ပါတယ်။ ဘွဲ့နာမည်ကတော့ ဦးအာစာရဝံသ ပါ’’ လို့ ဆက်လက် ပြောပြလာပါတယ်။



Photo: Wah Wah Aung

ဦးအောင်ခိုင်ဟာ ''ငရဲသား'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူ ဖြစ်ပါတယ်။ အနုပညာသက်တမ်းတွေကလည်း နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးလောက်ရှိပါပြီ။ လက်ရှိမှာလည်း ကိုလူချောအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က