ကိုယ်တိုင်ကလည်း တစ်ကိုယ်တော်အခွေ လုပ်နေတာပါတဲ့။
Sabal Thwin

အဆိုတော်သြရသကတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေ အသစ်လေးကို မကြာခင် ပရိသတ်လက်ထဲ ထည့်ပေးတော့မယ်လို့ ဆိုပါတယ်။ တူလေးဖြစ်တဲ့ စစ်ပိုင်ထူးကိုလည်း ဂီတလမ်းကြောင်းပေါ်ရောက်အောင် မြေတောင်မြှောက်ပေးထားပြန်ပါသေးတယ်တဲ့။

Photo: All Thara

သီချင်းသံချိုချိုလေးတွေနဲ့ ပရိသတ်ရင်ကို ဖမ်းစားတတ်တဲ့ အဆိုတော် သြရသက တစ်ကိုယ်တော်အခွေထွက်ဖို့ ပြင်ဆင်နေပါပြီတဲ့။ အရင်တုန်းကနဲ့ ပုံစံမတူတဲ့ သီချင်းလေးတွေလည်း ထည့်သွင်းသီဆိုထားတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ပထမဦးဆုံးက တစ်ကိုယ်တော်အခွေ အရင်ထွက်မယ်။ ပြီးရင်တော့ စုံတွဲအခွေ ကျွန်တော် ထွက်မယ်ပေါ့နော်။ တစ်ကိုယ်တော်အခွေကတော့ အားလုံးပြီးသွားပြီ ထွက်ဖို့ရက်လေးပဲ လိုတော့တာပါ။ လူက အဘိုးကြီးဖြစ်လာပြီဆိုတော့ နည်းနည်းငြိမ်မယ့် သီချင်းလေးတွေလည်းပါတယ်။ ဆိုနေကြ သီချင်းပုံစံမျိုးဆိုတာထက် နည်းနည်း ဆန်းသစ်ထားတာလေးတွေလည်း ပါတယ်ပေါ့’’ ဆိုပြီးတော့ သြဂုတ်လ ၁၆ ရက်နေ့က Moster Cheese ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: All Ratha

ဒီ တစ်ကိုယ်တော်အခွေက သူ့အတွက် ပြင်ရဆင်ရတဲ့ အချိန်က နှစ်နဲ့ချီ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဂီတ မျိုးဆက်သစ်တစ်ဦးဖြစ်တဲ့ တူလေး စစ်ပိုင်ထက်ကိုလည်း သီချင်းတွေ လုပ်ပေးဖြစ်တယ်လို့ ဆိုပါတယ်။

‘’ ဒီအခွေလုပ်တာ ၃ နှစ်၊ ၄ နှစ်လောက်ရှိသွားပြီ။ သီချင်းတွေလုပ်နေရင်းကနေ ၂၆ ပုဒ်၊ ၂၇ ပုဒ်လောက်ဖြစ်သွားတယ်။ အဲဒီအထဲမှာမှ ၁၃ ပုဒ်လောက်တော့ ထည့်လိုက်တယ်ပေါ့နော်။ ပြီးတော့ တူလေးအတွက် သီချင်းတွေရေးပေးဖြစ်တယ်။ စစ်ပိုင်ထက် - ဆန်ဆန်ပေါ့နော်။ သူလည်း အသက်က ၁၄ ၁၅ ဝန်းကျင်ဆိုပေမယ့် အသံလေးကလည်း ထူးခြားတယ်၊ ကြိုးလည်း ကြိုးစားတယ်’’ လို့ သူကဆိုပါတယ်။

Photo: Sitt Paing Htet

‘’သစ္စာရှိပါနော်’’ သီချင်းနဲ့ ပရိသတ်ရင်ထဲကို ရောက်လာခဲ့တာကတော့ သြရသရဲ့တူလေး စစ်ပိုင်ထက်ပါ။ ဒါကြောင့် တူလေးရဲ့ အောင်မြင်မှုတွေကိုလည်း သြရသက ချီးကျူးပြောဆိုခဲ့ပါသေးတယ်။

‘’ သူဆိုတာလေးက သီချင်းအခွေတောင်မထွက်သေးဘူး။ MPT Ringtune မှာ နံပါတ် ၁ ဝင်ခဲ့တယ်ပေါ့နော်။ အခုဆိုရင် 1 to 10 ထဲမှာတောင် မပြုတ်သေးဘူး။ ၆ လလောက်ရှိပြီ။ သူ သီချင်းဆိုတာလည်း အရမ်းကောင်းတယ်။ တူလေးအတွက် သီချင်းကလည်း ၆ ပုဒ်လောက်တော့ ရေးပေးထားတယ်’’ လို့ ဆက်လက် ပြောပြခဲ့ပြန်ပါတယ်။

အဆိုတော် သြရသကိုတော့ အချစ်သီချင်းများစွာ သီဆိုတဲ့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ သီချင်းဆိုတဲ့ အဆိုတော် တစ်ယောက်အဖြစ်သာမက သီချင်းရေးတဲ့အခါမှာလည်း ချီးကျူးစရာကောင်းလောက်အောင်တော်တဲ့ တေးရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က