သားလေးက လိမ်မာတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

အနုပညာလောကထဲကို ပြန်ဝင်လာမယ့် မိုးအောင်ရင်အတွက် မို့မို့မြင့်အောင်က အားပေးစကားပြောလာပါတယ်။ လိမ်မာတဲ့ သားလေးတစ်ယောက်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

Photo: Moht Moht Myint Aung



သရုပ်ဆောင် အကယ်ဒမီများရှင် မို့မို့မြင့်အောင်က သားတစ်ယောက်လို ချစ်ရတဲ့ မိုးအောင်ရင်တစ်ယောက် အနုပညာအလုပ်တွေ ပြန်လုပ်လာတော့မယ့်အပေါ် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ အောင်မြင်ပါစေလို့လည်း မီဒီယာတွေကနေတဆင့် ဆုတောင်းစကားပြောခဲ့ပါသေးတယ်။

‘’ သူ အောင်မြင်ပါစေပဲ ဆုတောင်းရမယ်။ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ခေတ်က ပျက်တဲ့အခါကျတော့ အဲဒီကြားထဲက သူ ထိုးဖောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ သားသားက အရွယ်လည်းရှိတယ်၊ သူ့မျက်နှာလေးကလည်း ချောနေတဲ့အခါကျတော့ လုပ်သင့်တာပေါ့။ သူလည်း ဒီအနုပညာ လုပ်ဖို့ မွေးလာတဲ့ လူသားတစ်ယောက်ဖြစ်နေတာကိုး’’ ဆိုပြီးတော့ ဇူလိုင်လ ၅ ရက်နေ့က ကျင်းပပြုလုပ်တဲ့ L’Oreal Paris ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Moht Moht Myint Aung

မိုးအောင်ရင်က လိမ်မာတဲ့ ကလေးတစ်ယောက်ပါလို့ ဆိုပါတယ်။ ထောင်ထဲမှာ နေခဲ့စဉ်တုန်းကလည်းလိမ်မာတဲ့အကြောင်းတွေ ပြန်ကြားရတယ်လို့ ပြောပါတယ်။

‘’ အထူးသဖြင့် အစ်မပြန်ကြားတာကတော့ သူ အထဲထဲမှာ စာတွေဘာတွေ သင်ပေးတယ်၊ သူက အင်္ဂလိပ်စာ သိပ်တော်တာကိုး။ သား ကုသိုလ်ရတာပေါ့လို့ ဘာပဲဖြစ်ဖြစ် သူများနဲ့ မတူဘူးလေ။ လိမ်လိမ်မာမာနဲ့ နေခဲ့တဲ့အတွက် အမှတ်တွေ အများကြီးရသွားတာလည်း ပါမှာပေါ့နော်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Moe Aung Yin

မို့မို့မြင့်အောင်နဲ့ မိုးအောင်ရင် တို့ဟာ သားအမိအရင်းတွေလို ချစ်ကြတဲ့သူတွေဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ လည်း အတူတူ ရိုက်ခဲ့ဖူးကြပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က