ခြစ်ကုတ်ပြီး ဝယ်ခဲ့ရတာပါ။
Ei Ei Myat

သရုပ်ဆောင် Kညီကတော့ သိန်း(၃၀၀) တန် တစ်စီးဝယ်ဖို့ (၁၀)နှစ်အတွင်းမှာ ခြစ်ခြစ်ကုတ်ကုတ်နဲ့ စုဆောင်းခဲ့ရတာပါလို့ ဆိုပါတယ်။ ကားကြီးဝယ်နိုင်တယ်ဆိုပြီး ပရိသတ်တွေ အထင်မကြီးကြပါနဲ့ဆိုပြီး ပြောပြခဲ့ပါသေးတယ်။

 

Photo : Kညီ

သရုပ်ဆောင် Kညီ သူရတဲ့ အနုပညာငွေကြေးလေးများကို သေချာစုဆောင်းတတ်သူ တစ်ဦးဖြစ်ပါတယ်။ ဇနီးဖြစ်သူရဲ့ စုဆောင်းပေးမှု၊ ခြိုးခြံချွေတာမှုလေးတွေကြောင့် သူ့ရဲ့ အနုပညာသက်တမ်း (၁၀)နှစ်မှာ ကားတစ်စီး ဝယ်နိုင်ခဲ့တာပါလို့ ဆိုပါတယ်။

“ကျွန်တော်ဝယ်တာ တရုတ်ကားလေးပါ။ စက်ရုပ်လေးကို ရောင်းပြီး ရှိစုမဲ့စုလေးကို စုပြီး ဝယ်လိုက်တာပါ။ အများကြီးလည်း မဟုတ်ပါဘူး။ ၃၀၀ ဝန်းကျင်လောက်ပါပဲ။ ကားကြီးဆိုတော့ ထောင်ကျော်တန် ကားကြီးတွေ စီးနေတယ်လို့ ထင်နေဦးမယ်။အနုပညာသက်တမ်း (၁၀) နှစ်ကျော်မှာမှ စီးခဲ့ရတာပါ။ မနည်းခြစ်ကုတ်ပြီး စုခဲ့ရတာပါ။ ကျွန်တော်အဲ့လောက်ကြီး မချမ်းသာပါဘူး” လို့ Kညီက သြဂုတ်လ(၁၄) ရက်နေ့က မီဒီယာတွေကို ပြောပြခဲ့တာပါ။

Photo : Kညီ

Kညီက မိသားစုအတွက်တင်မက မိခင်ကြီးအတွက်ကိုလည်းအရမ်းကို သိတတ်တဲ့ သားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူရတဲ့ အနုပညာကြေးများထဲ တစ်လကို နှစ်ခါလောက် မိခင်ဆီ သွားပြီး ကန်တော့လေ့ ရှိပါတယ်။

“ကျွန်တော် တစ်လကို နှစ်ခါလောက် အမေ့ဆီသွားပြီး ကန်တော့တယ်။ အမေဆိုတာက နည်းတာများတာမဟုတ်ဘဲ သားသမီးတွေ သိတတ်တာလေးကို လိုချင်တာလေ။ကျွန်တော်သွားတိုင်း အမေလိုအပ်တာလေး သုံးဖို့ ပေးတိုင်းအမေ့ရဲ့ ခြေထောက်လေးကို ကန်တော့ပြီးမှ ပေးတယ်။ အဲဒီအကျိုးကျေးဇူးလေးတွေက ကျွန်တော်ဘယ်နေရာသွားတိုင်း ကျွန်တော့်ကို ကူညီစောင့်ရှောက်မယ့်သူပေါ်တယ်” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : Kညီ

K ညီက မကြာခင်မှာ အိမက်တွေမိုးထားတဲ့အိမ်ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားကို ၂၀၁၉၊ အောက်တိုဘာလမှာ ဒါရိုက်တာ ပွင့်သီင်္ဂိဇော်က ရိုက်ကူးမှာ ဖြစ်ပြီး မိုရီဆာကီဝင်း၊ နေခြည်ဦး၊ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုးခန့်၊ ညီနန္ဒ၊ ရွှေရင်အေး၊ ကေညီတို့ ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ကေညီကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အဓိက သရုပ်ဆောင်တွေရဲ့ အစ်ကို၊ သူငယ်ချင်း ကာရိုက်တာတွေကနေ တဆင့် ပရိသတ်တွေအားပေးလာတာဖြစ်ပါတယ်။ ဟာသဇာတ်ကား တွေမှာ လည်း မပါမဖြစ် ဟာသသရုပ်ဆောင်တစ်ဦးဆိုရင်လည်း မမှားပါဘူး။


က္က