သူ့ရဲ့ အတွေ့အကြုံတွေ ပြောပြလာပါတယ်။

အားတီက အနုပညာအလုပ်လုပ်မယ်ဆိုရင် အရည်အသွေးပြည့်တဲ့ အနုပညာအလုပ်တွေဖန်တီးဖို့ ကိုယ်ပိုင်စီးပွားရေး တစ်ခုကလည်း တစ်ဖက်မှာ ပိုင်ဆိုင်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း လက်ရှိ ဂီတရေစီးကြောင်းပေါ်မှာ ၈ နှစ်တာ ဖြတ်သန်းခဲ့ပြီးတဲ့သူတစ်ယောက်ပါ။

Photo: Ar-T



အဆိုတော်အားတီက သူ့ရဲ့ စီးပွားရေးအလုပ်တွေက ရတဲ့ ငွေကြေးနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်ကို အရည်အသွေး ကောင်းကောင်းပုံဖော်နိုင်ဖို့ ကြိုးစားဖြစ်တယ်လို့ဆိုပါတယ်။ အဓိက အရေးကြီးတာကတော့ ငွေကြေးဖြစ်တယ်လို့ မီဒီယာအင်တာဗျူးတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

‘’အရည်အသွေးကောင်းတဲ့ Music Video တွေကို ဖန်တီးနိုင်ဖို့ ပိုက်ဆံလိုတယ်။ အဲဒီတော့ အပြင်စီးပွားရေးတစ်ခုအနေနဲ့ ရှိထားရင်တော့ ပိုကောင်းတာပေါ့နော်။ ကျွန်တော်ကတော့ Show ပွဲက ရတဲ့ ပိုက်ဆံတွေကို ရင်းတယ်။ အခွေဆိုရင်လည်း ထွက်ခဲ့တဲ့အခွေ ၃ ခွေရှိတယ်။ Music Video နဲ့ဆိုရင် ၅ ခွေရှိတယ်။ တစ်ခွေမှ မမြတ်ခဲ့ဖူးဘူး။ အကုန်အရှုံးတွေချည်းပဲ။ ဒါပေမယ့် အခုချိန်မှာ ဂီတသက်တမ်း ၈ နှစ်ရှိပြီ ကျွန်တော် ရုန်းကန်နေပါသေးတယ်’’ လို့ ဆိုပါတယ်။

Photo: Ar-T

အားတီဟာ ဂီတအလုပ်တွေ ကြိုးစားလာခဲ့တာ အခုဆိုရင် ၈ နှစ်ကျော် ကာလကို ရောက်ရှိနေပါပြီ။ သူ့ရဲ့ ဝါသနာအရင်းခံ ကြောင့်သာ ဂီတလောကမှာ ရပ်တည်နေတာလို့လည်း B.I.O.M တေးစီးရီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ ကိုယ့်ရဲ့ အနုပညာမာနတစ်ခုအတွက် ဆက်ပြီးတော့ရပ်တည်နေသေးတယ်။ ငွေရေးကြေးရေးကို တစ်ခုမှ မကြည့်တော့ဘူး။ Music Video တစ်ပုဒ်လုပ်ရင် နည်းတဲ့ကုန်ကျစာရိတ်မဟုတ်ဘူး။ပိုက်ဆံဆိုတာကလည်း စီးပွားရေးတစ်ခုရှိတယ်ဆိုရင် ကိုယ်ချပြတဲ့အနုပညာကို အရည်အသွေး အပြည့်အဝနဲ့ လုပ်နိုင်မယ်လို့ထင်တယ်။ ဒါကလည်း ကျွန်တော့်တစ်ယောက်တည်းရဲ့ အမြင်ပေါ့နော်’’ လို့ သူကပြောပါတယ်။

Photo: LiJohn

အဆိုတော် အားတီကိုတော့ သီချင်းမြူးမြူးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေတာကို တွေ့ရပါတယ်။ အဲဒီနောက် ကိုယ်ပိုင် စီးပွားရေးအနေနဲ့ အားတီရဲ့ ‘’ချဉ်ငံစပ်’’ ဆိုတဲ့ စားသောက်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က