မို့မို့မြင့်အောင်၊ မေခလာ၊ မေသန်းနု၊ ခိုင်သင်းကြည်၊ စံရတီမိုးမြင့်၊ ရဲအောင်၊ ရန်ကျော်၊ ဖြိုးငွေစိုးနဲ့ မိုးအောင်ရင်။

အနုပညာရှင်များစွာ ပါဝင်ထားပြီး ဘဝအမောတွေကို ပြေပျောက်စေမယ့် ‘’သုံးယောက်ပေါင်း လောင်းကျော်’’ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မကြာခင်ရုံတင်ပြသတော့မှာပါ။ မိုးအောင်ရင်ရဲ့ အနုပညာတွေကို ပြန်လည် ကြည့်ရှုခွင့်ရမယ့် ရုပ်ရှင်ကားကြီးတစ်ကားပါ။

Photo: သုံးယောက်ပေါင်းလောင်းကျော်



‘’သုံးယောက်ပေါင်းလောင်းကျော်’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကိုတော့ အောက်တိုဘာလ ၂၂ ရက်နေ့ညက သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ဟာသ ရုပ်ရှင်ဇာတ်ကားအမျိုးအစားတစ်ခုပါ။ ပါဝင်သရုပ်ဆောင်ထားတဲ့ ခင်လှိုင်ကလည်း မီဒီယာ အင်တာဗျူးတွေမှာ ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြောပြခဲ့ပါတယ်။

‘’မှတ်မှတ်ရရကတော့ ကိုအရိုင်းရယ်၊ ကျွန်တော်ရယ်၊ ကိုဒိန်းဒေါင်ရယ် ညီအစ်ကို ၃ ယောက်လုပ်ရတယ်။ မဆင့်ရဲ့ မောင်တွေပေါ့။ အဲဒီအထဲမှာ ဆံပင်ပုံစံက ဘရိတ်ကီ ရဲ့ ပုံစံမျိုးလုပ်ထားတယ်။ ရိုက်တုန်ုးကတော့ ခွီနေရတာပေါ့။ ကိုယ့် စီနီယာအစ်မတွေ၊ မမို့တို့ မဆင့်တို့ဆိုတာကလည်း ပြောမနာဆိုမနာတွေလေ။ သူတို့ကတော့ ကိုယ်တွေကို အမြဲနိုင်စားတယ် ခေါင်းခေါက်လိုက်၊ ဇာတ်ပိုးအုပ်လိုက်နဲ့ဆိုတော့ ချစ်လည်းချစ်၊ ကြောက်လည်း ကြောက်ရတဲ့ အစ်မတွေပါ’’ လို့ သူကဆိုပါတယ်။

Photo: သုံးယောက်ပေါင်းလောင်းကျော်

အဲဒီနောက် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မေသန်းနုကလည်း ‘’သုံးယောက်ပေါင်း လောင်းကျော်’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကာရိုက်တာလေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပြန်ပါသေးတယ်။

‘’ ဒီဇာတ်ကားလေးက ဟာသပဲ။ ရိုက်ထားတာလည်း ကြာပြီဆိုတော့ ပြဿနာတော့မရှိပါဘူး။ မဆင့်က ဒီဇာတ်ကားထဲမှာ ကိုအရိုင်းတို့၊ ခင်လှိုင်တို့၊ ဒိန်းဒေါင်တို့ရဲ့ အစ်မနေရာက ဆိုတော့ သူတို့နဲ့ရိုက်ရတဲ့အခါမှာ ကိုယ်က ပေါကြောင်ကြောင် ကာရိုက်တာတစ်ခုကို ယူထားတယ်။ ကိုယ့်ရဲ့ နဂိုပုံစံ မဟုတ်ဘူး ခပ်ကြောင်ကြောင် အစ်မ တစ်ယောက်ပေါ့။ ဟာသကို မကျွမ်းဘူးဆိုပေမယ့် ကိုယ်ဖြတ်သန်းလာခဲ့တဲ့ နှစ်တွေကလည်း ကြာပြီဆိုတော့ သိပ်အထွေအထူးတော့ မဟုတ်ပါဘူး’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၂ ရက်နေ့ ညက ‘’သုံးယောက်ပေါင်း လောင်းကျော်’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: သုံးယောက်ပေါင်းလောင်းကျော်

‘’သုံးယောက်ပေါင်း လောင်းကျော်’’ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ ၂၄ ရက်နေ့ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာတော့ သရုပ်ဆောင် မို့မို့မြင့်အောင်၊ မေခလာ၊ မေသန်းနု၊ ခိုင်သင်းကြည်၊ စံရတီမိုးမြင့်၊ ရဲအောင်၊ ရန်ကျော်၊ ဖြိုးငွေစိုးနဲ့ မိုးအောင်ရင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထား ကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ခင်စောမျိုး က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က