မူးယစ်ဆေးသုံးမှ ဖန်းတီးမှု စွမ်းအားပိုကောင်းသလား
Ei Ei Myat

မူးယစ်ဆေးသုံးမှ အနုပညာဖန်တီးမှု စွမ်းအားပိုမိုကောင်းမွန်လာတယ်ဆိုပြီး လွဲမှားတဲ့ ထင်မြ င်ယူဆမှု တွေကြောင့် လူညွှန့်မတုံးသင့်ဘဲ တုံးခဲ့ရတဲ့သူတွေ ရှိခဲ့ပါတယ်။ မူးယစ်ဆေးသုံးမှ ဖန်တီးမှုစွမ်းအားပိုကောင်းတယ်လို့ သီအိုရီက ယေဘုယျအားဖြင့် မှန်ကန်နေသလား။

 အနုပညာရှင်များနဲ့ မူးယစ်ဆေးဝါးပြဿနာဟာ ပရိသတ်တွေ ရင်းနှီးနေတဲ့ ဖြစ်ရပ်တစ်ခုပါ။ လတ်တလောမှာလည်း မူးယစ်ဆေး ဝါးလက်ဝယ်တွေ့ရှိ မှုတွေနဲ့ အဖမ်းခံထားရတဲ့ အနုပညာရှင်တွေတော်တော်များများရှိနေပါတယ်။ နာမည်ရ သရုပ်ဆောင်တချို့အပါအဝင် အဆိုတော်တွေ၊ ဒါရိုက်တာတွေကို ဆေးဝါး နဲ့အတူ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ထဲမှာ အနုပညာရှင်တော်တော်များများက မူးယစ်ဆေး ဝါး သုံးစွဲကြတယ် ဆိုတဲ့ အတွေးတွေက ပိုမိုခိုင်မာစေခဲ့ပါတယ်။

Photo : ရဲဇာနည် ၊ အဆိုတော် ရသအဖမ်းခံရစဉ်

ရှိုးပွဲတွေမှာသီချင်းတွေဆိုရင် ပြဲကွဲနေကြတာ သိသာတယ်

‘ အနုပညာရှင်တွေဆိုရင် ပွဲတွေဘာတွေမှာ ရှိုးပွဲတွေမှာ ပြဲကွဲနေကြတာ။ သီချင်းဆိုတဲ့ပုံစံတွေက ဆေး ကွဲနေမှန်း အရမ်းသိသာကြတယ်။ သရုပ်ဆောင်ေ တွတော့ မပြောတတ်ဘူး။ အဆိုတော်တွေ တော်တော်များများကတော့ ပွဲတွေမှာ မြင်ရတာ များတယ်။ သာမန်ပုံစံမျိုးမဟုတ်ဘဲ မူမမှန်ကြဘူး။

သူတို့တွေ အဲဒါသုံးတယ်ဆိုတာကလည်း ဖန်တီးမှုအားကောင်းအောင်၊ အမောခံနိုင်အောင် ဒီလိုတွေ သုံးတယ်လို့ ယူဆမိတယ်” လို့ အမည်မဖော်လိုသူ

ပရိသတ်တစ်ဦးက ဆိုပါတယ်။

အနုပညာရှင်တစ်ဦးကို မူးယစ်ဆေးဝါးသံသယရှိမှုနဲ့ ဖမ်းဆီးလိုက်ပြီးရင် ပရိသတ်တွေရဲ့ စိတ်ထဲမှာ ဒီလူဟာ မူးယစ်ဆေးဝါးသုံးစွဲ တယ်လို့ တထစ်ချ ယုံကြည်တတ်ကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ(၇) ရက်နေ့က ဖြစ်သွားတဲ့ အဆိုတော် ဖြိုးပြည့်စုံရဲ့ ဖြစ်ရပ်ကို ပြန်ပြောင်းကြည့်ရုံနဲ့ တင် သိနိုင်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းတွေကို မူးယစ်ဆေးဝါး သံသယ ရှိမှုနဲ့ မြန်မာပလာဇာမှာ မူးယစ်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ 

အဲဒီလိုအချိန်မှာ ရင်းနှီးတဲ့အနုပညာရှင်တော်တော်များများကတော့ ဖြိးပြည့်စုံဟာ မူးယစ်ဆေးဝါးမသုံးစွဲတတ်သူ တစ်ဦးဖြစ် တယ်လို့ ယုံကြည်ကြပေမယ့် တချို့ ပရိသတ်တွေကတော့ ယုံကြည်မှု ပြည့်ပြည့်ဝဝ မပေးနိုင်ခဲ့ကြတာတွေကို လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဖမ်းဆီးခံရပြီး သုံးရက်အတွင်းမှာ ဖြိုးပြည့်စုံနဲ့ သူငယ်ချင်း တစ်စုဟာ မူးယစ်ဆေးဝါး သုံးစွဲခြင်း မရှိကြောင်း စစ်ဆေးနိုင်ခဲ့တာကြောင့် အောက်တိုဘာ(၉) ရက်နေ့မှာ ဗဟန်းရဲစခန်းကပြန်လွှတ်ပေးခဲ့ရပါတယ်။

အနုပညာရှင်တချို့ မူးယစ်ဆေးသုံးတာနဲ့ အားလုံး သုံးနေတယ်လို့ ယူဆသွားကြတယ်

“ကျွန်တော်တို့အကြောင်းတွေ မသိတဲ့သူတွေကတော့ သေချာပါတယ်ကွာ။ သူတို့မျက်နှာကို ကြည့်တာနဲ့ သိတယ်။အနုပညာသမား အဆိုတော်ဆို မှတော့ သေချာပြီပေ့ါ။ တေးရေးတွေဆို ပြောမနေနဲ့တော့ဆိုတဲ့ စကားတွေ ကြားခဲ့ရပါတယ်။ စိတ်ဒဏ်ရာတွေ ရခဲ့ရပါတယ်” လို့ ဖြိုးပြည့်စုံက အောက်တိုဘာ(၁၅) ရက်နေ့က မီဒီယာများနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။

ပရိသတ်တွေက အနုပညာရှင်တိုင်းလိုလိုကို ဆေးသုံးတတ်တယ်လို့ ထင်မြင်တတ်ကြပါတယ်။ ဒီဖက်ခေတ်မှာ ကောင်းသတင်းတွေထက် မကောင်းသ တင်းတွေက ပိုမိုပျံ့နှံ့လွယ်တဲ့ ဒဏ်ကိုအနုပညာရှင်တွေက သာမန်လူတွေထက် ပိုမိုရင်ဆိုင်နေရပါတယ်။

“ အနုပညာသမားတွေထဲမှာ မူးယစ်ဆေးကို လုံးဝမသုံးစွဲဘဲနဲ့ အနုပညာကို ရူးသွပ်စွာ လုပ်နေသူတွေ တစ်ပုံကြီး ရှိပေမယ့် အဲဒါက သိပ်အများကြီး မပျံ့နှံ့ဘူး။ မမက မူးယစ်ဆေး မသုံးဘဲနဲ့ အနုပညာအလုပ်ကို လုပ်မယ်လို့ ပြောရင် အဲဒီ သတင်းကို ဖြန့်မယ်လို့ ထင်လား။ ဖေ့စ်ဘွတ်မှာ အဲသတင်းက ဘာမှ ထူးခြားမှာ မဟုတ်ဘူးလေ။ တကယ်လို့သာ မူးယစ်ဆေးသုံးလို့ အဖမ်းခံရပါတယ်ဆိုတဲ့သတင်းသာဆိုရင် တိုင်းသိပြည်သိ ဟိုးလေးတေကျာ်ကျော် အဲဒါကိုမှ ရှယ်ကြမယ်လေ။အဲဒီသဘောကိုပဲ အနုပညာသမားတိုင်း ရင်ဆိုင်ကြုံတွေ့ရတာပေ့ါနော်။ မသုံးတဲ့သူတွေအများကြီး ရှိတယ်။ လုပ်တဲ့သူက အများကြီး မရှိဘူးဆိုရင်တောင် အဖြစ်အပျက်က နည်းနည်းလေး ဆိုရင်တောင်မှပျံ့နှံ့လွယ်တဲ့ အတွက်ကြောင့် ပရိသတ်တွေရဲ့ စိတ်ထဲမှာ၊အမြင်ထဲ မှာ အဆိုးသတင်း ကပဲ ပိုပြီးမြင်သာကြ တယ်။အဲ့လိုမျိုးလားမသိဘူးဆိုပြီးထင်သွားကြတာ” လို့ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

Photo : ဖြူဖြူကျော်သိန်း

အဆိုတော်ဖြူဖြူကျော်သိန်းဟာလည်း ဂီတလောကမှာ“Star Against Drunk” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အနုပညာအလုပ်ကို လုပ်ကိုင်နေသူ တစ်ဦးပါ။ သူမဟာ အနုပညာလောကမှာ ဒီဆောင်ပုဒ်နဲ့အတူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို တခြားသော အနုပညာရှင်တွေဖြစ် တဲ့ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်တို့နဲ့အတူလုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

Photo : ဖြူဖြူကျော်သိန်း

ူးယစ်ဆေးသုံးမှ ဖန်းတီးမှု စွမ်းအားပိုကောင်းသလား

မူးယစ်ဆေးသုံးမှ အနုပညာဖန်တီးမှုစွမ်းအားပိုမိုကောင်းမွန်လာတယ်ဆိုပြီး လွဲမှားတဲ့ ထင်မြ င်ယူဆမှု တွေကြောင့်လူညွှန့်မတုံး သင့်ဘဲ တုံးခဲ့ရတဲ့သူတွေ ရှိခဲ့ပါတယ်။ မူးယစ်ဆေးသုံးမှ ဖန်တီးမှုစွမ်းအားပိုကောင်းတယ်လို့ သီအိုရီက ယေဘုယျအားဖြင့် မှန်ကန်နေသလား။

“အဲ့ဒါကို လုံးဝလက်မခံဘူး။အစ်မ ဒီနေ့ထိ မူးယစ်ဆေးဝါးမသုံးဘဲနဲ့ အနုပညာကို လုပ်နေတာ။ ကိုဇော်ဝင်းထွဋ်ဆို ရပ်တည်ပြီး လုပ်လာတာ ဒီနေ့ထိ ရူးရူးသွပ်သွပ် လုပ်နေလို့ ရသေးတယ်။အဲဒီလိုမျိုးလုပ်နေတဲ့ သူေ တွအများကြီး ရှိတယ်။ အနုပညာဆိုတာ မူးယစ်ဆေး သုံးမှ လုပ်လို့ရတယ်လို့ ထင်ကုန်ကြတာ အမှန်ေ တာ့မဟုတ်ဘူး။ ဆင်ခြေပေးတာ။ မူးယစ်ဆေးဝါးကို သုံးမှ အနုပညာအလုပ်လုပ်လို့ရတယ်ဆိုကတည်းကိုက မဟုတ်သေးဘူး။ မှားနေပြီ။ ပျော်လို့သုံးတာ ဖြစ်ချင်ဖြစ်မယ်။ အဲ့ဒါကို မယုံစေချင်ဘူး။ မသုံးဘဲနဲ့ လုပ်နေကြတဲ့ နာမည်ကြီးတွေ အများကြီး ရှိတယ်” လို့ ဆရာဝန်တစ်ဦး လည်းဖြစ်သလို နိုင်ငံကျော်အဆိုတော်လည်းဖြစ်တဲ့ ဖြူဖြူက ဆိုပါတယ်။

Photo : ရွှေထိုက် FB, Yangon Police

မူးယစ်ဆေးမှုနဲ့ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ အနုပညာရှင်များ

မူးယစ်ဆေးဝါးမှုနဲ့အဖမ်းခံခဲ့ရတဲ့ အနုပညာရှင်တချို့ရှိပါတယ်။ သူတို့တွေကတော့ ဒါရိုက်တာမိုက်တီး၊သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် ရွှေထိုက်၊ အဆိုတော်ရသ၊ သရုပ်ဆောင် ဘုန်းလျှံ၊ သရုပ်ဆောင်မိုးအောင်ရင်တို့ ရှိခဲ့ပြီး လက်ရှိမှာတော့ မိုးအောင်ရင်နဲ့ ရဲတိုက်ကတော့ အပြင်လောကကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အနုပညာအလုပ်တွေကိုပြန်လုပ်နေကြပါပြီ။ မူးယစ်ဆေးကြောင့် မင်းသားဘဝကနေ အကျဉ်းသားဘဝရောက်ခဲ့ရတဲ့ မိုးအောင်ရင်က မူးယစ်ဆေးဝါးကို အမုန်းကြီး မုန်းသွားခဲ့ကြောင်း အခုလို ပြောပြပါတယ်။

‘ကျွန်တော်အကျဉ်းသားဆိုတဲ့ ဘဝကိုေ ရာက်သွားတဲ့ အခါမှာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ရှာတယ်။ အော် ငါလုပ်မိတယ်ပေ့ါဘာကို လုပ်မိတာလဲဒီမူးယစ်ဆေးဝါးကိုလုပ်မိတယ်အဲ့ဒါကြောင့် ဒီလိုဖြစ်သွားခဲ့တယ်။ အဲတော့ ကျွန်တော်မူးယစ်ဆေးဝါးကို လုံးဝမုန်းလိုက်တယ်။ ကျွန်တော်အခုထိ မုန်းနေတုန်းပဲ။ တစ်သက်လုံးမုန်းသွားမှာ”လို့ သူက ဆိုပါတယ်။

ကိုယ်တိုင်ကြုံမှ သိခဲ့ရ

သူများတွေ နားချနေတုန်းကနားမဝင်ခဲ့ဘဲ ကိုယ်တိုင်ကြုံမှသာ သိခဲ့ရတဲ့ မိုးအောင်ရင်က သူ့လိုမျိုးနောက်လူတွေကို မမှားစေချင်သလို အင်မတန်ခက်ခဲလှတဲ့ ဘဝကို မရောက်ခင်မှာ မူးယစ်သားကောင်ဘဝကနေ ရုန်းထွက်ပါ လို့လည်း အကြံပေးထားပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပတဲ့ Shwe FM ၁၀ နှစ်ပြည့်အခမ်းအနားကို တက်ရောက်လာတဲ့ မိုးအောင်ရင်

“ကိုယ်တိုင်ကြုံမှသာတချို့အရာတွေက အရင်တုန်းက ဒီလိုဖြစ်တတ်တယ်နော်လို့ ပြောတာကို မဖြစ်ပါဘူးကွာဆိုပြီး နေခဲ့တာပေ့ါအဲ့ဒါကအမှားတစ်ခုပေ့ါ။ ဒီအမှားကို သူများတွေ င့ါကို သတိပေးခဲ့တာပဲလားဆိုပြီး စိတ်ခံစားချက် ဖြစ်ရတောပ့ါ တခြားသူူတွေလည်း ကျွန်တော့်လို မမှားအောင် ဆုတောင်းတယ်။ တချို့အရာတွေက ဘေးလူတွေ ပြောတာပဲ ရှိတယ်။ကိုယ်တိုင် ကြုံလိုက်မှ အဲဒီအရာကို နားလည်သွားတာ။ ကိုယ်တိုင်ကြုံမှ နားလည်တဲ့ဘဝမျိုးက အမြန်ဆုံး လွှတ်မြောက်ပါစေလို့ ကျွန်တော်ပြောချင်ပါတယ်။ အင်မတန်ခက်ခဲတဲ့ဘဝကိုမရောက်ခင် ကိုယ့်ဘာသာကိုယ် ရုန်းထွက်ပါ” လို့ သူက ဆက်လက်ပြောပါတယ်။

ခေတ်ကာလအခြေအနေအရမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေဟာ အနုပညာအသိုင်းအဝိုင်းကို သူတို့ရဲ့ဈေးကွက်အတွက် ပစ်မှတ်တစ်ခုလို ထားထားကြတာတွေ့ရပါတယ်။

အနုပညာရှင်တွေဆိုရင် မူးယစ်ဆေးဝါးတွေဝယ်ဖို့ လွယ်ကူနေသလို သူတို့ကို ရောင်းချင်တဲ့ သူတွေကလည်း

တန်းစီလို့နေတယ်လို့ သိရပါတယ်။ရောင်းသူဆိုတာ ဝယ်သူရှိမှရောင်းလို့ရတာပါ။ ဒါကြောင့် အနုပညာရှင်တွေအနေနဲ့ ရောင်းဝယ်ဖောက်ကား သူတွေ

ဘယ်လောက်ပဲ ပစ်မှတ်ထားထား ကိုယ်က မဝယ်ဘူးဆို ရောင်းလို့မရပါဘူး။ မူးယစ်ဆေးဝါးတွေကို မဝယ်ဘဲငြင်းဆန်ကြပြီး မိမိတို့ရဲ့ အနုပညာအားတွေနဲ့ တိုင်းပြည်အတွက် အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ရပ်တည်နိုင်ကြပါစေရန် ဆန္ဒပြုရင်း …………………….။

 


က္က