သူ့ရဲ့ ဇာတ်ကောင်ကိုလည်း မိတ်ဆက်ပြောပြခဲ့ပါသေးတယ်။

‘’ရိုးမပေါ်ကျတဲ့ မျက်ရည်’’ ရုပ်ရှင်ဇာတ်ကားထဲက အိန္ဒြာကျော်ဇင် ရဲ့ ကိုတိုး ကာရိုက်တာကို ကြွေခဲ့မိတယ်လို့ မေမြင့်မိုရ်က ပြောပါတယ်။ ဇာတ်ကားရိုက်ရင်းနဲ့ အမှတ်တရတွေ အများကြီးရှိခဲ့တယ်လို့လည်း သူကဆိုပါတယ်။

Photo: ရိုးမပေါ်ကျတဲ့ မျက်ရည်



မေမြင့်မိုရ်ကတော့ မကြာခင်ရုံတင်ပြသတော့မယ့် ‘’ရိုးမပေါ် ကျတဲ့မျက်ရည်’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခြေထောက်တစ်ဖက်မသန်တဲ့ တောသူမလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမဟာ ဇာတ်ကား တစ်ကားလုံး ချိုင်းထောက်ကို အသုံးပြုခဲ့ရတဲ့ အတွေ့အကြုံတွေကို မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ကိုယ်က ချိုင်းထောက်နဲ့သရုပ်ဆောင်ရတာဆိုတော့ ချိုင်းက တော်တော်နာတယ်။ ဒီဇာတ်ကားရိုက်ရင်း တွေးမိတာက သာမန်လူတွေထက် ချိုင်းထောက်ကို အသုံးပြုနေရတဲ့ သူတွေဆိုရင် ဘယ်လောက်များ ချိုင်းနာမလဲပေါ့။ သူတို့ကိုလည်း စာနာမိသွားတယ်။ ကိုယ်ချင်းစာမိသွားတယ်’’ လို့ ဆိုပါတယ်။

Photo: ရိုးမပေါ် ကျတဲ့ မျက်ရည်

‘’ရိုးမပေါ် ကျတဲ့မျက်ရည်’’ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇာတ်ကားထဲက ဇာတ်ကောင်တွေ နေထိုင်တဲ့ ပဲခူးရိုးမတောမှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားရိုက်နေတဲ့အချိန်မှာလည်း အမှတ်တရတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

‘’ ညီမတို့က ဘုန်းကြီးကျောင်းမှာ အကုန်စုနေရတာ။ မင်းသမီးတွေဆိုရင်လည်း သက်သက် အခန်းတစ်ခန်းပေါ့။ ပျော်ဖို့လည်းကောင်းတယ်။ အဲဒီလို အတွေ့အကြုံမျိုးလည်း မရှိသေးဘူး။ မင်းသားတွေ၊ ဒါရိုက်တာတွေဆိုရင်လည်း အကုန်စုနေကြတာဆိုတော့ ပျော်ဖို့လည်း ကောင်းတယ်။ အခက်အခဲကတော့ သွားရေးလာရေးပဲပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၃၁ ရက်နေ့က ‘’တစစ်တမတ်’’ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: May Myint Mo

ဒီဇာတ်ကားမှာတော့ မြင့်မြတ်၊ အိန္ဒြာကျော်ဇင်နဲ့ မေမြင့်မိုရ်တို့က အဓိက ဇာတ်ဆောင်တွေ အဖြစ် ပါဝင်ခဲ့ကြတာပါ။ အိန္ဒြာကျော်ဇင်ရဲ့ ကာရိုက်တာကိုလည်း အရမ်း သဘောကျခဲ့ရတယ်လို့ မေမြင့်မိုရ်က ပြောပါတယ်။

‘’မအူဝဲကတော့ အပြင်မှာ အရမ်းလှတယ်လေ။ ဇာတ်ကားထဲမှာကျတော့လည်း ကိုတိုး တကယ်ဖြစ်တယ်ပေါ့နော်။ တစ်ခါတလေကျရင် သူက ဝတ်စုံအပြည့်နဲ့ ထိုင်ခုံမှာ ထိုင်နေတာ ပြီးတော့လည်း ယောက်ျားလေးလိုပဲ။ အစ်မကို ကြည့်ရတာလေ မအူဝဲလို့ မမြင်တော့ဘူး။ ကာရိုက်တာက အရမ်းမိုက်တယ်။ ကိုယ်တောင် ကြွေချင်သွားတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: ရိုးမပေါ် ကျတဲ့ မျက်ရည်

သရုပ်ဆောင် မေမြင့်မိုရ် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ‘’ပန်းနုသွေး’’ ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ၂၀၁၉ခုနှစ် ဧပြီ(၅) ရက်နေ့က ပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာ Best Rising Star Female Award ကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က