Model အလုပ်မှာ အောင်မြင်နေပေမယ့် မင်းသမီးတစ်ယောက်ဖြစ်ချင်ခဲ့တယ်။

နာမည်ကျော် မော်ဒယ်လ်မလေး Dee ကတော့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင်ခွင့်ရချင်ပါသေးတယ်တဲ့။ သူမကတော့ Model လောကမှာ အောင်မြင်မှုတွေ ရနေတဲ့သူပါ။ 

Photo: Dee



နာမည်ကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်လာတဲ့ Dee ကတော့ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် မင်းသမီးတစ်ယောက်ဖြစ်ချင်သေးတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ရိုက်ခွင့်ရချင်သေးတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အခုချိန်မှာတော့ Model အလုပ်ကို အရမ်းသဘောကျတယ်။ မင်းသမီးအလုပ်ကို ငယ်ငယ်ကတည်းက သဘောကျခဲ့သေးတယ်။ The Model Academy ကြည့်ကြည့်လိုက် စကားပြောရင် အရမ်းရုပ်ဆိုးတယ်။ မင်းသမီးဖြစ်ဖို့ အခွင့်အရေးရှိလာရင်တော့ လုပ်ချင်တယ်။ အခွင့်အရေးပေးလာရင်တောင် တစ်ကားလောက်ပဲ။ အများကြီး မရိုက်ချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသေးဘူး” လို့သူကဆိုပါတယ်။ 

Photo: Dee

Dee ကိုတော့ The Model Academy 2019 ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သတိထားမိလာခဲ့ တာဖြစ်ပါတယ်။ သူမအတွက်တော့ Model ပြိုင်ပွဲ ဝင်ပြိုင်ခဲ့တာ အရမ်းကျေနပ်စရာဖြစ်ခဲ့ပါတယ်တဲ့။ 

“ ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့ လာကမ်းလှမ်းထားတာတွေတော့ မရှိဘူး။ မင်းသမီး ပုံစံ မပေါက်လို့ထင်တယ်။ Model အလုပ်နဲ့ ပတ်သက်တာတွေ၊ ကြော်ငြာတွေလောက်ပဲ လုပ်နေတာ။ ကိုယ်က နာမည်ရှိတယ်ဆိုပေမယ့် ပရိသတ်တွေက သိပ်မသိဘူး။ ပြိုင်ပွဲဝင်ပြိုင်လိုက်တာက Dee အတွက်အရမ်းကောင်းသွားတယ်။ ပြိုင်ချင်တဲ့သူတွေကိုလည်း Dee အားပေးတယ်။ စိတ်ဓာတ်တွေ၊ နေထိုင်မှု ပုံစံတွေကိုတော့ သေသေချာချာ လေ့ကျင့်ထားရမှာပေါ့နော်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၃ ရက်နေ့က စိန်နန်းတော်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။  

Photo: Dee

Dee ကတော့ လက်ရှိမှာ Model တစ်ယောက်အနေနဲ့ မဂ္ဂဇင်းကာဗာ၊ TV ကြော်ငြာတွေနဲ့ ဖက်ရှင် အကြောင်းတွေ ရိုက်ကူးနေတာတွေ့ရပါတယ်။ Model အလုပ်နဲ့ ပတ်သက်တဲ့ ပွဲတွေလည်း တက်ရောက်လေ့ရှိပါတယ်။ သူမကတော့ The Model Academy 2019 ရဲ့ Winner ရရှိခဲ့သူလေးပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က