သီချင်းအသစ်တွေ နားထောင်ချင်တဲ့ ပရိသတ်အတွက်ပါတဲ့။

ရွှေထူးကတော့ နိုဝင်ဘာလမှာ သူ့ရဲ့ တတိယတစ်ကိုယ်တော်အခွေ ထွက်မယ့်အကြောင်းပြောပြလာပါတယ်။ 

Photo: Htoo Khant



ရွှေထူးကတော့ သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ဖို့ နီးလာပြီလို့ဆိုပါတယ်။ အခွေဈေးကွက် မကောင်းပေမယ့်လည်း သူ့ကို အားပေးတဲ့ပရိသတ်တွေအတွက် အခွေထုတ်မှာလို့လည်း Duwun Media ကနေ ပြောပြလာပါတယ်။ 

“ သီချင်းအသစ်ကတော့ အများကြီးလုပ်နေပါတယ်။ ဂီတလောကဘက်က အခွေဈေးကွက်က လည်းမကောင်းဘူး။ ဒါပေမယ့် အခွေထုတ်မှာ အဲဒီအတွက် စီစဉ်နေတာလည်း ကြာပြီဆိုတော့ ၁၁ လပိုင်းလောက် ကျွန်တော် ထုတ်ဖြစ်မှာပါ။ ပရိသတ်တွေကလည်း သီချင်းအသစ်တွေ နားထောင်ချင်နေကြပြီလေ” လို့လည်း သူကဆိုပါတယ်။ 

Photo: Htoo Khant

ရွှေထူးကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂီတနဲ့ပတ်သက်ပြီး ‘’စိတ်ကူးယဉ်စာအုပ်’’ ၊ ‘’I’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ Single Song အသစ်လေးတွေကိုလည်း အွန်လိုင်း စာမျက်နှာပေါ်မှာ တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်လာ တာဖြစ်သလို သီချင်းတွေအသစ်တွေလည်း ကိုယ်တိုင်ဖန်တီးနေတယ်လို့ သိရပါတယ်။ 

photo: 2k

ရွှေထူးဟာ အခုနောက်ပိုင်းမှာ သီချင်းတွေကို အမျိုးအစားအသစ်တွေနဲ့ အွန်လိုင်းပေါ်ကနေတဆင့် မိတ်ဆက်ပေးထားတာတွေလည်းရှိပါတယ်။ ဒါကို သဘောကျတဲ့ ပရိသတ်တွေရှိသလို သဘောမကျတဲ့ ပရိသတ်တွေလည်းရှိနေတယ်လို့ ရွှေထူးက ပြောပါတယ်။ 

“ အခုနောက်ပိုင်းမှာ ကျွန်တော်က သီချင်းတွေကို ကိုယ့်စိတ်ကြိုက်အတိုင်း ကို့ယို့ကားယားတွေ လုပ်လာတော့ တချို့ပရိသတ်တွေက အားမလို အားမရဖြစ်တယ်။ စိတ်တိုင်းမကျတာတွေရှိတယ်။ ဒါကြောင့် အချစ်သီချင်းပုံစံလေးတွေ၊ ပြောရရင် ရွှေထူးဆိုနေကြ ပုံစံလေးတွေကို ထုတ်မှာပါ” ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့က Media 7 နဲ့ အနုပညာရှင်တို့ရဲ့ စာချုပ်ချုပ်ဆိုပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Htoo Khant

ရွှေထူးကတော့ ဇနီးဖြစ်သူ ရွှေမှုံရတီနဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ Park Royal Hotel မှာ နှစ်ဦးသဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ မှော်ဘီမြို့နယ်ရှိ အောင်ဇဗ္ဗူတောရကျောင်းတိုက်မှာ မင်္ဂလာဦးဆွမ်းကျွေးပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ၁ နှစ်ကျော်ကြာခဲ့ ပြီဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုလည်း အတူတူ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ မကြာသေးခင်က သူတို့နှစ်ဦးအတူ ပါဝင်သရုပ်ဆောင်ထားတဲ့ “ကမ်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးပြီးခဲ့တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က