ဗျစ်ရည်ဆိုင်စောင့်တဲ့ ဘီလူးရုပ်ရှင်ကားမှာ ပါဝင်ထားတာဖြစ်ပါတယ်။

‘’ဗျစ်ရည်ဆိုင် စောင့်တဲ့ ဘီလူး’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်တဲ့ လူမင်း၊ ထွန်းထွန်း တို့ရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ပုံတွေကို ဒါရိုက်တာ သြရသက ပြောပြလာပါတယ်။ အဲဒီနောက် ဇာတ်ပို့ သရုပ်ဆောင် မျိုးမျိုးခိုင်ကိုလည်း ငါးစိမ်းသည် ကာရိုက်တာအတွက် ကျေးဇူးတင်စကားပြောပြခဲ့ပါတယ်။

Photo: ဗျစ်ရည်ဆိုင်

ဒါရိုက်တာ သြရသက ‘’ဗျစ်ရည်ဆိုင်စောင့်တဲ့ ဘီလူး’’ ရုပ်ရှင်ကားကြီးမှာ ငါးစိမ်းသည် ကာရိုက်တာကို ပီပီပြင်ပြင်သရုပ်ဆောင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင်ကိုလည်း ဒါရိုက်တာ သြရသက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

‘’မမျိုးမျိုးခိုင်ဆိုရင်လည်း တကယ့် ငါးစိမ်းတန်းအစစ်၊ ဈေးအစစ်ထဲမှာ သွားရိုက်ရတာဆိုတော့ ငါးညှီနံ့တွေလည်း တစ်ကိုယ်လုံးကို နံစော်နေတာ၊ အဲဒီမှာ သူတို့ကို နပန်းလုံးခိုင်းရတာ။ ဈေးသည်တွေရဲ့ စရိုက်၊ ငါးစိမ်းသည်တွေရဲ့ စရိုက်ကို ဖော်ပြရတာဆိုတော့ ပြန်ကြည့်တဲ့အချိန်မှာ တော်တော်လည်း စိတ်မကောင်းဘူး၊ ရိုက်ပေးခဲ့ကြတာကိုလည်း ကျေးဇူးတင်ပါတယ်’’ လို့ မတ်လ ၂ရက်နေ့ ညက ဗျစ်ရည်ဆိုင်စောင့်တဲ့ ဘီလူးရုပ်ရှင်ကားကြီး အထူးပြသပွဲမှာ ပြောပြထားတာပါ။

Photo: ဗျစ်ရည်ဆိုင်

အဲဒီနောက် အကယ်ဒမီ လူမင်းနဲ့ ထွန်းထွန်းတို့ရဲ့ ကာရိုက်တာအကြောင်းကို ပြောပြလာပါတယ်။ ကြိုးကြိုးစားစား တိုင်တိုင်ပင်ပင် ဆောင်ရွ က်ခဲ့တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြထားပါတယ်။

‘’ကိုလူမင်းဆိုရင်လည်း ‘တာနော’ ကာရိုက်တာကို ရဖို့အတွက် ကိုလူမင်းနဲ့လည်း သေချာလေး ဆွေးနွေးဖြစ်တယ်။ ဟာသတော့ ဟာသ ဒါပေမယ့် အတည်လုပ်ချင်တယ်ပေါ့။ ထွန်းထွန်းဆိုရင်လည်း အရမ်းကြီး ခြောက်နေတာ မဟုတ်ဘူးပေါ့။ ခပ်နွဲ့နွဲ့ဖြစ်နေတဲ့ ကာရိုက်တာလေးကို ပီပြင်ချင်တယ်ဆိုပြီးတော့ အိုဗာအိုက်တင်လည်း မဖြစ်အောင် သေချာတိုင်ပင်ခဲ့ကြပါတယ်’’ လို့ ဆိုပါတယ်။

Photo: ဗျစ်ရည်ဆိုင်

ဒီဇာတ်ကားဟာ ညီအစ်ကိုမောင်နှမတွေရဲ့ အနစ်နာခံတတ်မှုတွေကို ပြသထားတာဖြစ်လို့ ဒရာမာအကြောင်းလေးတွေလည်း ပါဝင်တယ်လို့ သြရသက ပြောပါတယ်။ ဟာသဇာတ်ကားဆိုပေမယ့်လည်း ပရိသတ်ကြိုက်အောင် ကြိုးစားထားပါတယ်တဲ့။

‘’အဓိက ကတော့ ဖျော်ဖြေမှု၊ ဟာသ အဓိက ပါပဲ။ အဲဒီမှာ အစ်ကိုကြီးကနေပြီးတော့ ညီတွေအပေါ် အနစ်နာခံတတ်တဲ့ ညီအစ်ကိုတွေရဲ့ ချစ်ခြင်းမေတ္တာလည်း ပါ ပါတယ်။ ဟာသအနေနဲ့ အခြေခံလူတန်းစားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာလေးတွေကို ဟာသအဖြစ် ပုံဖော်ထားတာပါ။ အရမ်းကြီး ကလိထိုးပြီးတော့ ဟာသလုပ်ထားတာမျိုးတွေတော့ မပါပါဘူး’’ လို့ ဆိုပါတယ်။

Photo: ဗျစ်ရည်ဆိုင်

ဗျစ်ရည်ဆိုင် စောင့်တဲ့ ဘီလူး ရုပ်ရှင်ဇာတ်ကားကို လက်ရှိမှာတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ထွန်းထွန်း၊ ခင်လှိုင်၊ အိချောပို၊ နန်းမြတ်ဖြိုးသင်း နဲ့ မေပန်းချီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။



က္က