loading...

loading...

loading...

အသက်ငယ်ငယ်နဲ့သေရမှာဆိုတော့ အရမ်းအံ့သြမိခဲ့တယ်။
Sabal Thwin

မီးမီးခဲဟာ အသက် ၃၅ နှစ်အရွယ်မှာ သေရတော့မယ်ဆိုတဲ့ အတွေးက အရမ်းကို အံ့သြစရာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကင်ဆာရောဂါ ခံစားနေခဲ့ရချိန်က အမှတ်တရတွေကို တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ ပြသသွားမယ်လို့ သူက ပြောပါတယ်။

မီးမီးခဲကတော့ ရင်သားကင်ဆာ အဆင့်(၄) အထိ ခံစားခဲ့ရသူဖြစ်ပြီး ဦးခေါင်းရဲ့ ညာဘက်ခွံမှာ ကင်ဆာအသစ်တစ်ခု ထပ်ပေါ်ခဲ့တာကြောင့် ဓာတ်ရောင်ခြည်နဲ့ ဆေးကုသမှု ခံယူနေရသူဖြစ်ပါတယ်။ ရောဂါခံစားနေရတဲ့ အချိန်တွေကို တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ ချပြသွားမယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဒီရောဂါကို ခံစားခဲ့ရတာပါ။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ဒီလိုအချိန်ပေါ့နော်။ ဖြစ်တဲ့အချိန်မှာ သားလေးက ၅ လခွဲဆိုတော့ ငယ်တယ်လေ အစ်မကလည်း ဆေးရုံမှာပဲနေခဲ့ရတာ။ နောက်ဆုံးအဆင့် ၂ ခါတောင်ရောက်သွားတယ်။ အဲဒီတုန်းကဆို ကိုယ့်ကိုယ်ကိုယ် သေသွားပြီလို့ပဲ ထင်ခဲ့တာ။ ဆံပင်တွေလည်း ကျွတ်သွားသေးတယ်။ အဲဒီဗီဒီယိုဖိုင်တွေကို အစ်မရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ ပြမှာ။ သနားအောင်လုပ်တာမဟုတ်ဘူး အစ်မ ဘယ်လောက်အထိ အထီးကျန်ခဲ့တယ်ဆိုတာကို ပြချင်တာ” လို့ သူကပြောပါတယ်။


ကိုယ်တိုင်က သေရတော့မယ်လို့ သိလိုက်ရတဲ့ ခံစားခဲ့ရတဲ့ စိတ်နေစိတ်ထားကို မီးမီးခဲက ရင်ဖွင့်ပြောပြလာပါတယ်။ ဒါပေမယ့် သူ့ရဲ့ ခင်ပွန်းဖြစ်သူကတော့ အားပေးစကားပြောခဲ့တယ်လို့ သူကဆိုပါတယ်။

“ ဆရာဝန်က စပြောတုန်းက ၅ နှစ်လို့တောင်မပြောဘူး။ သေတော့မယ်ပေါ့ ချက်ချင်းသေမယ်လို့တောင် ပြောလိုက်တာ။ အစ်မကို စတွေ့တဲ့အချိန်တုန်းက သမီး နင်ကင်ဆာဖြစ်နေပြီ သေရတော့မယ်လို့ပဲ ပြောတာ။ တစ်ကိုယ်လုံးပူထူပြီးတော့ ပြာသွားတာပေါ့နော်။ အစ်မ အမျိုးသားကလည်း ငိုတာပေါ့။ အကုန်လုံးပဲ ငိုကြတာ ကလေးတွေကလည်း ငယ်သေးတယ်။ ဒါပေမယ့် အစ်မအမျိုးသားကတော့ သူများတွေ သေမယ်ဆိုတဲ့အရာကို ငါတို့မတွေးပဲနဲ့ ငါတို့ အသက်ရှင်နိုင်မယ် ဆိုတဲ့ အရာကိုပဲ စဉ်းစားပြီးတော့ ရှေ့ဆက်သွားကြည့်ရအောင်ဆိုတဲ့ စကားကြောင့် အစ်မ ထလာနိုင်တာပါ” လို့ ဆိုပါတယ်။

မီးမီးခဲဟာ အတတ်နိုင်ဆုံးတော့ သူမရဲ့ လက်ရှိကျန်းမာရေးကို ဂရုစိုက်ဖြစ်တယ်လို့ ဆိုပါတယ်။ အသက်ငယ်ငယ်နဲ့ သေရတော့မယ်ဆိုတဲ့ အတွေးက အရမ်းကို အံ့သြမိစေခဲ့တာတော့ အမှန်ပဲ လို့ သူကပြောပါတယ်။

“ လူဆိုတာ သေရင်အကုန်လုံးထားခဲ့ရမှာပဲလေ။ ငါ့အသက် ၃၅ ၊ ၃၆ မှာ သေရတော့မှာပဲ ဆိုပြီးတော့ အရမ်းSurprise ဖြစ်တာပေါ့နော်။ ငါ သီချင်းလည်းပြန်မဆိုရတော့ဘူး။ ဒီနိုင်ငံကြီးမှာ ငါသေရတော့မှာပဲပေါ့။ ကိုယ်သေရမယ့်အကြောင်းက ကိုယ်ကိုယ်တိုင်ခံစားဖူးမှပဲ သိမှာပေါ့နော်။ Feel ကတော့ ပြောပြလို့တောင် မရပါဘူး” ဆိုပြီးတော့ ဇန်နဝါရီလ ၇ ရက်နေ့က တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

မီးမီးခဲကတော့ နိုင်ငံကျော် တေးရေးဆရာကြီး စောဘွဲ့မှူးရဲ့ သမီးငယ်လေးဖြစ်ပြီးတော့ အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမငယ်လေးဖြစ်ပါတယ်။သူမဟာ လက်ရှိမှာ ဂီတလောကနဲ့ နည်းနည်း အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းလောက်က သီချင်းအသစ်တစ်ပုဒ် ထွက်ရှိခဲ့ပြီး အဲဒီ သီချင်းလေးနဲ့ပဲ ပရိသတ်တွေ သူမကို ပြန်ပြီး သတိရစေခဲ့တာပါ။ သူမကိုယ်တိုင် ရေးထားတဲ့ “ငါ့ရဲ့ မျက်ဝန်းညို” ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားအ ရမ်းကို နာမည်ကြီးသွားခဲ့တာပါ။ ထူးခြားတဲ့ အသံလေးကို ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းလှတဲ့ အဆိုတော် မီးမီးခဲဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ဦးပါ။မီးမီးခဲဟာ "မျက်ဝန်းညို" ၊ "အဝေးက ချစ်သူ" စတဲ့ သီချင်းအသစ်တွေလည်း ထွက်ရှိထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က