ဖခင်တစ်ယောက်ရဲ့ ရင်ထဲက ပီတိစကားကို ရင်ဖွင့်ပြောပြလာပါတယ်။

လူရွှင်တော် ဂေါ်ဇီလာရဲ့ သမီးလေးကတော့ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို (၅) ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပြီး ဆရာဝန်တစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။ 

Photo: Gaw Zi Lar



လူရွှင်တော် ဂေါ်ဇီလာရဲ့ သမီးလေး မသမီးချောဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး(၅) ဘာသာ နဲ့ နှစ်ချင်းပေါက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ သမီးလေးဟာ ဆရာဝန်တစ်ယောက် ဖြစ်လာဖို့ ရည်မှန်းထားတာ လို့လည်း ဂေါ်ဇီလာက Duwun ကို ပြောပြခဲ့ပါတယ်။ 

“ သမီးလေးက ဆရာဝန်ဖြစ်ချင်တယ်လို့တော့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ အဖေ နဲ့ အမေ နဲ့ အသက်ကြီးလာရင် ပြုစုစောင့်ရှောက်ပေးရမှာတွေ လိုအပ်လာပြီ။ သမီးလေးက စိတ်လည်း အေးတယ်၊ သနားကြင်နာတတ်တဲ့ စိတ်လည်း ရှိတော့ ဆရာဝန်ဖြစ်ချင်တယ်လို့ ပြောလာတယ်။ ဆေးခန်းသွားပြတဲ့ အချိန်မှာ ငွေရေး၊ ကြေးရေး ဒုက္ခများတဲ့ သူတွေကို သူတွေ့ခဲ့ရတယ်။ အဲဒီမှာ သူ ဆရာဝန်ဖြစ်အောင်ကြိုးစား မယ်ဆိုတဲ့ စိတ်လေးနဲ့ အခုလို ငါး ဘာသာဂုဏ်ထူးရအောင် သူကြိုးစားခဲ့တာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Gaw Zi Lar

ဂေါ်ဇီလာဟာ မိသားစု စီးပွားရေး မပြည့်စုံတဲ့ အချိန်မှာ စာကြိုးစား ခဲ့တဲ့ သမီးလေး အတွက် ဂုဏ်ယူမဆုံးဖြစ် နေတာပါ။ သားအကြီးဆုံးကလည်း (၄) ဘာသာ ဂုဏ်ထူးရှင်အဖြစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နှစ်ချင်းပေါက် အောင်မြင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ 

ပညာရေးနဲ့ ပတ်သက်ပြီး သားသမီးတွေကို ကောင်းကောင်းမွန်မွန်မထားပေးနိုင်ပေမယ့် စာအရမ်းတော်လွန်းတဲ့ သားသမီးတွေကြောင့် ရင်ထဲအရမ်းကို ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ 

“ အဖေ ဘက်က မပြည့်စုံတာတွေရှိခဲ့တယ်၊ အမှားအယွင်းတွေ ရှိခဲ့တယ်။ အဲဒီအပေါ်မှာ သားသမီးတွေက မှားယွင်းတယ်ဆိုတဲ့ စိတ်မတွေးပဲနဲ့ သူတို့ လုပ်ရမယ့် လုပ်ဆောင်ချက်တွေကိုပဲ မှန်မှန်ကန်ကန် တိတိကျကျလုပ်သွားနိုင်တယ်။ မပြည့်စုံတဲ့ ဘဝမှာ တင်းတိမ်ရောင့်ရဲပြီးတော့ ကိုယ့် ကြိုးစားမှုကို လုံ့လ၊ ဝီရိယ မလျှော့ပဲ သူတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်သွားနိုင်ကြတယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Gaw Zi Lar

ဂုဏ်ထူး(၅) ဘာသာနဲ့ အောင်မြင်ခဲ့တဲ့လူရွှင်တော် ဂေါ်ဇီလာရဲ့ သမီးလေး အတွက် အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေ၊ အပေါင်းအသင်းတွေကလည်း ဝမ်းသာဂုဏ်ယူနေကြတာတွေကို လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ရေးသားထားကြပါသေးတယ်။ ဂေါ်ဇီလာဟာ အနုပညာလောကထဲကို လူရွှင်တော် တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဇာတ်ပို့ သရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က