သူကိုယ်တိုင်ကလည်း စာတော်ခဲ့သူမဟုတ်တော့ လေးစားမိပါတယ်တဲ့။
Sabal Thwin

စိုးမြတ်သူဇာကတော့ သူမကိုယ်တိုင် ကျောင်းထားပေးခဲ့တဲ့ ကျောင်းသူလေးဟာ ဆရာဝန်တစ်ယောက်ဖြစ်လာတဲ့အတွက် အရမ်းကို ဝမ်းသာနေတယ်လို့ဆိုပါတယ်။ ဒါကလည်း အနုပညာမောင်လေးဖြစ်သူ ပြေတီဦးကြောင့်ပါလို့ ပြောပါတယ်။

အကယ်ဒမီ သရုပ်ဆောင် စိုးမြတ်သူဇာက ရန်ကုန်ဆေးရုံကြီး ဆေးကုသဆောင်(၁) မှာ အလုပ်သင်ဆရာဝန်အဖြစ် ပညာလေ့လာနေတဲ့ ဆေးကျောင်းသူ ယုယုမွန်ကို ဆေးကျောင်းအတွက် ထောက်ပံ့ကူညီခဲ့တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’မကြီးကတော့လေ ဒီသမီးလေး ဆရာဝန်တစ်ယောက်ဖြစ်လာတာကို တကယ်စိတ်ထဲမှာကြည်နူးမိပါတယ်။ ပရဟိတလုပ်ငန်းကို အစောကြီးကတည်းကလည်း လုပ်ချင်တယ်။ လုပ်လည်း မလုပ်တတ်ဘူး။ ဦးလည်းမဆောင်နိုင်ဘူးဆိုတော့ ဦးဆောင်နိုင်တဲ့ လူရဲ့နောက်မှာ ကိုယ်နိုင်သလောက်လေး ပါဝင်ခွင့်ရတာကို ဝမ်းလည်း ဝမ်းသာပါတယ်။ ကလေးလေးတစ်ယောက် ဆရာဝန်ဖြစ်လာတယ်ဆိုတော့ စိတ်ထဲမှာ တကယ်ကို ကြည်နူးရတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ကိုယ်တိုင်ကလည်း ပညာရေးမှာ စာတော်ခဲ့သူမဟုတ်တဲ့အတွက် ဆရာဝန်တစ်ယောက်ကို ကျောင်းပြီးတဲ့ အထိ ကျောင်းထားပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

‘’ပညာဒါနလှူတာပေါ့။ မကြီးက ပရဟိတအလုပ်လေးတွေ လုပ်ချင်ပါတယ်။ အခုလို သမီးလေးက ဆရာဝန်ဖြစ်သွားပြီဖြစ်တဲ့အတွက် ပီတိလည်းဖြစ်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ ဘယ်သူ့ကိုမှလည်း ဆရာဝန်ဖြစ်တဲ့အထိ ကျောင်းမထားပေးဖူးသေးတော့ အရမ်းပီတိဖြစ်ရတယ်’’ စက်တင်ဘာလ ၁ ရက်နေ့က ပြေတီဦးဖောင်ဒေးရှင်းက ကလေးတွေနဲ့ အလှူရှင်တို့ရဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။

အဲဒီနောက် စိုးမြတ်သူဇာက သူမနဲ့ ပြေတီဦးတို့ရဲ့ ရင်းနှီးမှုတွေကိုလည်း ပြောပြလာပါတယ်။ ဖောင်ဒေးရှင်းကြီးကို ဦးဆောင်နေသူဖြစ်တာကြောင့်လည်း လေးစားမိတယ်လို့ သူကဆိုပါတယ်။

‘’ တီတီကတော့ မကြီးအတွက် မောင်လေးတစ်ယောက်ဆိုလည်းမမှားဘူး၊ သားတစ်ယောက်ဆိုလည်း မမှားဘူး။ တစ်ခါတလေဆိုရင်လည်း အစ်ကိုလိုဖြစ်တယ်၊ တစ်ခါတလေဆိုရင်လည်း အဖေလိုဖြစ်တယ်။ မကြီးတို့ ရုပ်ရှင်လောကထဲမှာ ဒီလိုမျိုး ထဲထဲဝင်ဝင်နဲ့ ဖောင်ဒေးရှင်းကြီးတစ်ခုကို တည်ထောင်ဖို့ဆိုတာ လွယ်တော့ မလွယ်လှဘူး။ သူတို့မှာလည်း အခက်အခဲတွေက အများကြီးပဲ။ သူ့နည်းသူ့ဟန်နဲ့ စိတ်ညစ်ရတာတွေတော့ အများကြီးရှိမှာပဲ’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။




က္က