အများကြီး လှူနိုင်အောင်လည်း ကြိုးစားနေပါတယ်။

ဘုန်းလျှံက ပရဟိတအလုပ်တွေကို တတ်နိုင်သလောက် အင်အားနဲ့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

Photo: Bhone Hlan



သရုပ်ဆောင် ဘုန်းလျှံဟာ ထောင်က ထွက်လာပြီးတဲ့နောက် အလှူအတန်းတွေကို ခန့်စည်သူနဲ့ ပူးပေါင်းပြီး တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ အခုဆိုရင်တော့ အလုပ်ပိတ်ရက်တွေမှာ Volunteer ပရဟိတအလုပ်လေးတွေ လုပ်ဖြစ်နေတဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 

“ အစ်ကိုက စနေ၊ တနင်္ဂနွေဆိုရင် သဘာဝ တရားရိပ်သာမှာ Volunteer လေးတွေ လုပ်ဖြစ်တယ်။ အဲဒီမှာက အပိုင်းတွေလည်းအများကြီးရှိတယ်။ အဘိုးအဘွားတွေဆို အဘိုးအဘွား၊ HIV ဘက်ဆို HIV နေရာရှိတယ်။ Single Mother တွေလည်းရှိတယ်။ သူတို့အတွက် လှူဖို့လည်း စဉ်းစားထားတယ်။ အကုန်လုံးအတွက်တော့ အစ်ကို လှူဖို့ မနိုင်ဘူး။ ဒါပေမယ့် အစ်ကို တတ်နိုင်သလောက်အကူအညီတစ်ခုခုတော့ ပေးတယ်။” လို့ သူကဆိုပါတယ်။ 

Photo: Bhone Hlan

ဘုန်းလျှံဟာ အလှူအတန်းတွေ အများကြီး လုပ်ချင်ပေမယ့် စီးပွားရေး အခက်အခဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် လူအင်အား၊ ငွေအင်အားနဲ့ ကုသိုလ်ယူဖြစ်တယ်လို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ သူတို့အတွက် စကားလေး တစ်ခွန်းပဲ ဖြစ်ဖြစ်၊ အလုပ်လေး တစ်ခုခုပဲ ဖြစ်ဖြစ် သူတို့အတွက်လိုအပ်တာကို ကိုယ်က လိုက်လုပ်ပေးလိုက်တာပါပဲ။ ဘာ မျှော်လင့်ချက်မှတော့ မရှိပါဘူး။ ဒါက ပေးဆက်တယ်ဆိုတဲ့ သဘောပါ။ ကျွန်တော်နဲ့ အတူတူ ပရိသတ်တွေက အလှူလုပ်ချင်တယ်ဆိုရင် ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ်က Chat Box ထဲမှာ လာပြောလို့ရပါတယ်။ ကျွန်တော့်ဆီကို လာပြီးတော့ ဆက်သွယ်လို့လည်း ရပါတယ်။ 

Photo: Bhone Hlan

ဘုန်းလျှံဟာ COVID-19 ကာလပြီးရင် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်တယ်လို့လည်း သိရပါတယ်။ ဘုန်းလျှံကတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇) နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က