ဈေးတန်တန် နဲ့ ရောင်းချပေးနေတာ တွေ့ရပါတယ်။

အဆိုတော် မိစန္ဒီဟာ သူမရဲ့ အဝတ်အစားတွေကို ဈေးတန်တန် နဲ့ ရောင်းချပြီး ရောင်းလို့ရတဲ့ ငွေကြေးတွေ ကနေတဆင့် တိရစ္ဆာန် ဂေဟာလေးတွေမှာ အလှူအတန်းတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ 

Photo: Sandi



မိစန္ဒီကတော့ သူမကိုယ်တိုင် စိတ်ကူးထားတဲ့ အလှူလေးတစ်ခုကို အကောင်အထည် ဖော်နေပြီလို့ သိရပါတယ်။ သူမရဲ့ အဝတ်အစားတွေကို ဈေးတန်တန်နဲ့ရောင်းရင်း Animal Charity လေးလုပ်သွားမယ့် အကြောင်းကို Duwun ကနေ ပြောပြလာပါတယ်။ 

“ Closet 834 Page မှာ အဝတ်အစားတွေ ရောင်းဖြစ်တဲ့ အကြောင်းကလည်း မိစန္ဒီက အရင်တုန်းကတည်းက တိရစ္ဆာန်လေးတွေအတွက် လှူဖြစ်တယ်။ ရေကြီးတုန်းကလည်း တိရစ္ဆာန်လေးတွေ အတွက် သီးသန့် လှူဖြစ်တယ်။ တိရစ္ဆာန်လေးတွေအတွက် အရင်တုန်းကတည်းက Charity လေး တစ်ခု လုပ်ဖို့ ရည်ရွယ်ထားတာ။ မိစန္ဒီ အင်္ကျီတွေက ရိုက်ကူးရေး တစ်ခါ နှစ်ခါ လုပ်ပြီးရင် ထပ်မဝတ်တော့ဘူးဆိုတော့ ပရိသတ်တွေကလည်း ဒီဝတ်စုံလေးတွေ လိုချင်ကြတယ်။ ဒါကြောင့် ဒီအကျိုးရှိအောင် ရောင်းပြီးတော့ ပရိသတ်တွေရော၊ မိစန္ဒီရော ကုသိုလ်ရအောင် တိရစ္ဆာန်လေးတွေကို လှူမယ်”လို့ သူကဆိုပါတယ်။ 

Photo: Sandi

မိစန္ဒီဟာ အနုပညာအလုပ်တွေ လုပ်တုန်းက အဝတ်အစားတွေကို ငွေကျပ် ၃၀၀၀၊ ၄၀၀၀ အပြင် သူမကိုယ်တိုင် သိန်းနဲ့ချီ ဝယ်ခဲ့ဖူးတဲ့ အဝတ်အစားတွေကို တစ်သောင်းခွဲ ၊ တစ်သောင်းရှစ်ထောင် နဲ့သာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ရရှိလာတဲ့ ငွေကြေးတွေကိုလိုအပ်မှုရှိနေတဲ့ နေရာတွေကို Animal Charity Group လေးတွေကနေတဆင့် တဖြည်းဖြည်း လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ 

“ ဒီတစ်ခေါက် ရောင်းလို့ရတဲ့ ပိုက်ဆံတွေကို ပုလဲမေတ္တာ စောင့်ရှောက်ရေး ဂေဟာနဲ့ ရွှေရောင် နှင်းဆီ နှလုံးသား ပရဟိတနှစ်ခုကို မိစန္ဒီ သွားလှူပါမယ်။ နောက်ထပ် ကိုယ်မလှူရသေးတဲ့ နေရာတွေကို သွားလှူဖို့ စီစဉ်ထားတယ်။ စစ်ကိုင်းဘက်က ပရဟိတအဖွဲ့ တစ်ခုတွေ့ထားတယ်။ လောလောဆယ်တော့ ကိုယ့် အင်္ကျီတွေကိုပဲ ရောင်းနေသေးတယ်။ နောက်ကျရင်တော့ ကိုယ်နဲ့သိတဲ့ Cele တွေရဲ့ အဝတ်အစားတွေကိုလည်း ရောင်းပေးမယ်။ ဒီက ရတဲ့ဟာတွေကိုလည်း တိရစ္ဆာန်လေးတွေအတွက် မျှဝေ လှူဒါန်းသွားမယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။  

Photo: Sandi

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး၊ သတ္တိခဲ စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဇွန်လ (၂) ရက်နေ့တုန်းက သူမရဲ့ သီချင်းအသစ်လေး တစ်ပုဒ်ဖြစ်တဲ့ " နှလုံးအထူးကု" ဆိုတဲ့ သီချင်းလေးထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က