နှိုးဆွတာ၊ မြူဆွယ်တဲ့ဟာ မဟုတ်ဘူး။

ပညာရေးနဲ့ ပတ်သက်ပြီး Sex Education သင်ကြားပေးမယ့် အကြောင်းအရာအပေါ် မိဘတစ်ယောက်အနေနဲ့ သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။

Photo: Lu Min



သရုပ်ဆောင် လူမင်းဟာ ပညာရေးနဲ့ပတ်သက်တဲ့ သင်ရိုးညွှန်းတန်းတွေမှာ Sex Education နဲ့ ပတ်သက်ပြီး သင်ရိုးတစ်ခု ထပ်တိုးလာမယ့်အပေါ် သူ့ရဲ့သုံးသပ်ချက်ကို အခုလိုပြောပြခဲ့ပါတယ်။ အရွယ်နဲ့ အလိုက် သိသင့်တာတွေ သိထားရမယ်လို့ သူကဆိုပါတယ်။ 

" ဒီ ခေါင်းစဉ်က ကြည့်ပြီးပြောရင်တော့ နှစ်မျိုးရှိတယ်။ သူ့အရွယ်နဲ့ သိသင့် သိထိုက်တဲ့ Education မျိုးပေါ့။ အရွယ်နဲ့လိုက်တယ် သိသင့်သိထိုက်တဲ့ Education မျိုးတော့ ပေးကို ပေးရမယ်။ ဒါဟာ နှိုးဆွ၊ မြူဆွယ်တဲ့ဟာ မဟုတ်ဘူးဆိုတာကို နားလည်ရင်တော့ သင်သင့်ပါတယ်။ ကိုယ့်အထင်ကတော့ သူ့အရွယ်နဲ့ သိသင့် သိထိုက်တဲ့ မဖြစ်မနေ သိရမယ့် အကြောင်းအရာကို သင်ကြားပေးခြင်းဆိုတာမျိုးတော့ ရှိသင့်တာပေါ့" ဆိုပြီးတော့ ဇွန်လ (၁၀) ရက်နေ့က ရုပ်ရှင်အစည်းအရုံး နှစ်(၁၀၀) ပြည့်ရိုက်ကူးရေးမှာ Duwun ကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ 

Photo: Amazing Grace

 လူမင်းက လက်ရှိမှာတော့ အောင်ဆန်းရုပ်ရှင် ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးလျက်ရှိပါတယ်။ COVID-19 ကာလဖြစ်တာကြောင့်လည်း ရိုက်ကူးရေးကို ခဏနားထားရတယ်လို့ သိရပါတယ်။ ရိုက်ကူးရေးတွေ ခဏ နားထားတဲ့အချိန်မှာ ဂဠုန်ဦးစော ကာရိုက်တာ အတွက် လျှောက်လွှာတင်ထားသူတွေကို စိစစ်ရွေးချယ်သွားမယ်လို့ သူက ဆိုပါတယ်။ လျှောက်လွှာတွေကိုတော့ ဇွန်လ ၃၁ ရက်နေ့ အထိ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားလို့ရကြောင်း Duwun ကနေ ပြောပြခဲ့ဖူးပါတယ်။ 

Photo: Lu Min

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က