အခုထိ အိုက်တင်တွေကို အမီလိုက်နေရတုန်းပဲ။

ခိုင်သင်းကြည်ကတော့ ရာဇာနေဝင်းရဲ့ အိုက်တင်တွေကို လိုက်မီဖို့ ကြိုးစားနေရတယ်လို့ ဆိုပါတယ်။ သူတို့ နှစ်ယောက် အတွဲ ဇာတ်ကားတွေကလည်း အများကြီးပါပဲ။

Photo: KK



သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ရာဇာနေဝင်းတို့ အတူတွဲ သရုပ်ဆောင်မှုတွေကိုတော့ ‘’ကွီးတို့မာယာ’’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ပြန်လည်တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ ရာဇာနေဝင်းနဲ့ အမှတ်တရကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ခိုင်သင်းကြည်က ပြောပြခဲ့ပါတယ်။

‘’ ကိုရာဇာ နဲ့ မခိုင်လေးတို့က ဟိုးအရင်တုန်းက ရုပ်ရှင်ကားကြီးတွေ၊ DVD တွေ၊ Video တွေ အများကြီးရိုက်ခဲ့ဖူးတဲ့ အတွက်ကြောင့် ကိုရာဇာရဲ့ အကြောင်းလည်း မခိုင်လေးက သိတယ်။ ပြီးတော့ ကိုရာဇာနဲ့ မခိုင်လေးဆိုတာလည်း လိုက်ပါတယ်။ အဆင်ပြေလို့လည်း မခိုင်လေးတို့ နှစ်ယောက်ကို တွဲပေးဖြစ်ကြတယ်’’ဆိုပြီးတော့ စက်တင်ဘာလ ၂၃ ရက်နေ့ညက ‘’ကွီးတို့မာယာ’’ရုပ်ရှင်အထူးပြပွဲမှာဖြေဆိုခဲ့တာပါ။

Photo: Yar Zar nay Win

အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ရာဇာနေဝင်းရဲ့ စတိုင်လ်တွေကိုလည်း အမီလိုက်နေရတယ်လို့ ခိုင်သင်းကြည်က ပြောပါတယ်။

‘’ ကိုရာဇာရဲ့ စတိုင်လ်ကတော့ သိတဲ့အတိုင်းပဲ ထုံးစံအတိုင်း Free Style ဆိုတော့ ကိုယ်နဲ့မှလည်း ဖြစ်မှာ။ ဘာကြောင့်လဲဆိုတော့ သူက သူလုပ်ချင်တာ သူလုပ်တာလေ။ တစ်ခါတလေကျရင် လေ့ကျင့်တုန်းက မလုပ်တဲ့ ပုံစံကိုလည်း တကယ်ရိုက်ရင် ထလုပ်ချင်လုပ်တာ သူက စိတ်ကူးထဲမှာပေါ်လာတဲ့ဟာကို အရမ်းသဘာဝကျတဲ့ပုံစံမျိုးလုပ်တော့ ကိုယ်သဘာဝမင်းသမီးတောင် သူ့ကို လိုက်မမီတော့ဘူး’’ လို့ သဘောကျရယ်မောရင်းပြောပြခဲ့တာပါ။

Photo: Yar Zar Nay Win

ခိုင်သင်းကြည်(Khine Thin Kyi)ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က