ကျွန်တော့် ဓာတ်ပုံကို ဘယ်လိုရှာတွေ့ကြလဲ မသိဘူး။

ခါရာကတော့ ဘုရင်ဝတ်စုံနဲ့ ဓာတ်ပုံကို အချစ်ပိုနေကြတဲ့ ပရိသတ်တွေကြောင့် အရမ်း အံ့သြခဲ့ရပါတယ်တဲ့။ 

Photo: Khara



ခါရာက ဘုရင်ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပရိသတ်တော်တော်များများက စိတ်ဝင်စားခဲ့ကြတယ်လို့ ပြောပါတယ်။ ဒီဓာတ်ပုံတွေကိုတော့ “ကုန်းဘောင်ကြီးကြော်”ဆိုတဲ့ Facebook Group ထဲကနေ ပရိသတ်တစ်ယောက်က စတင်လိုက်တာလို့လည်း သူက ဆိုပါတယ်။ 

“ကျွန်တော့်ရဲ့ ဓာတ်ပုံတွေကို ပရိသတ်တစ်ယောက်က ကုန်းဘောင်ကြီးကြော်ဆိုတဲ့ Group ထဲမှာ တင်လိုက်တယ်ပေါ့နော်။ အဲဒီမှာ နောက်ထပ် ပရိသတ်တွေက ဝိုင်းပြီး Share ကြတာပေါ့။ ကျွန်တော်လည်း ရုတ်တရက်မြင်လိုက်ရတော့ တော်တော်လေး အံ့သြသွားတယ်။ ကိုရီးယားက ဗိုလ်ကြီးကိုလည်းချစ်ပါ မြန်မာပြည်က မင်းကြီးကိုလည်း ချစ်ပေးပါလို့ ပြောချင်ပါတယ်” ဆိုပြီးတော့ မတ်လ ၄ ရက်နေ့က “ လိပ်ပြာ” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။ 

Photo: ကုန်းဘောင်ကြီးကြော်

ခါရာက အခုလက်ရှိမှာတော့ “လိပ်ပြာ” ဇာတ်လမ်းတွဲ အပိုင်း ၂ ကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရဲမှူး ထွန်းကို အဖြစ် ပါဝင်သရုပ်ဆောင်နေရတာပါ။ လိပ်ပြာဇာတ်လမ်းတွဲ အပိုင်း ၁ တုန်းကလည်း ပရိသတ်တွေရဲ့ အားပေးမှု အများကြီးရခဲ့တယ်လို့ သိရပါတယ်။ လက်ရှိရိုက်ကူးနေတဲ့ အပိုင်း ၂ မှာလည်း အကောင်းဆုံး ကြိုးစားမယ်လို့ ခါရာက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Khara

ခါရာ့ကိုတော့ ၂၀၂၀ ခုနှစ်အတွင်းမှာ ပရိသတ်မမြင်ဖူးသေးတဲ့ ဇာတ်ကောင်တွေနဲ့ မြင်တွေ့ရဖို့ရှိသေးတယ်လို့ ဆိုပါတယ်။ ဒရာမာ ဇာတ်ရုပ်တွေ သိပ်မရိုက်ဖြစ်သေးတဲ့ သူ့အတွက်တော့ ဟဲဗီးဒရာမာ ဇာတ်ကားတစ်ကား ရိုက်ရတော့မယ်လို့ ပြောပါတယ်။ 

“ ဒီနှစ်ထဲမှာ ရိုက်မယ့် ဇာတ်ကားတစ်ကားရှိတယ်။ အဲဒီဇာတ်ကားက ဟဲဗီးဒရာမာကို ဦးစားပေးပြီးတော့ ရိုက်မယ့် ဇာတ်ကားပေါ့။ ဒရာမာဆိုတာလည်း လုပ်ရတဲ့ ဇာတ်ကောင်တွေအများကြီးရှိတာဆိုတော့ ဇာတ်လမ်းနဲ့ ကျွန်တော်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါ။ ကျွန်တော့် ပုံစံနဲ့ သရုပ်ဆောင်လို့လည်း အဆင်ပြေမယ့် ဇာတ်ကောင်ပါ” လို့ သူကဆိုပါတယ်။ 

 

Photo: ကုန်းဘောင်ကြီးကြော်

ခါရာဟာ Bonanza ထုတ်လုပ်ရေးနဲ့အတူ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ Professional Model တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင်အားပေးခြင်းကို ခံခဲ့ရသူပါ။ အခုချိန်မှာတော့ ခါရာပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲ တွေကလည်း ပရိသတ်ရှေ့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က