Crash Landing On You ဇာတ်ကားကို သဘောကျတယ်။
Sabal Thwin

ကောင်းမြတ်စံကတော့ Crash Landing On You ဇာတ်ကားထဲက မင်းသားချော Hyun Bin နဲ့ မတူဘူးလို့ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း Crash Landing On You ဇာတ်ကားထဲက သဘာဝကျကျသရုပ်ဆောင်မှုတွေကို လေ့လာဖြစ်တယ်လို့ပြောပါတယ်။ 

သရုပ်ဆောင် ကောင်းမြတ်စံကိုတော့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Crash Landing On You ရုပ်သံဇာတ်လမ်းတွဲထဲက ဗိုလ်ကြီးနဲ့ တူတယ်လို့ တချို့ပရိသတ်တွေက ပြောကြပါတယ်။ ဒါပေမယ့် သူကတော့ ဗိုလ်ကြီးနဲ့ မတူပါဘူးလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ပုံနှစ်ပုံ ယှဉ်ပြီးတတ်တယ်ဆိုတာ မီဒီယာ တစ်ခုက တင်လိုက်တာပါ။ တူတယ်လို့ ပြောတာတော့ မဟုတ်ပါဘူး။ ကျွန်တော်က ကြိုက်တယ်ဆိုတော့ ဒီအတိုင်းပဲ ဓာတ်ပုံတင်လိုက်တဲ့ သဘောပါ။ ကျွန်တော်နဲ့လည်း မတူပါဘူး။ အဓိက ကတော့ သူတို့ရဲ့ သရုပ်ဆောင်မှုတွေကို ကျွန်တော်လေ့လာဖြစ်တယ်။ သူတို့ သရုပ်ဆောင်တာတွေက အရမ်းသဘာဝကျပြီးတော့ တော်တော်ကြိုးစားထားတာ တွေ့ရပါတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Nyi Nyi

ကောင်းမြတ်စံ ကိုယ်တိုင်ကလည်း Crash Landing On You ရုပ်သံဇာတ်လမ်းတွဲကို အားပေးတယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားထဲက မင်းသားနဲ့ မင်းသမီး သရုပ်ဆောင်မှုတွေကို ကြည့်ပြီး မြန်မာနိုင်ငံမှာလည်း ပြောင်းလဲသင့်တာ ပြောင်းလဲဖို့လိုတယ်လို့ ပြောပါတယ်။ 

“ ကျွန်တော်တို့ မြန်မာနိုင်ငံက ရှေးစဉ်ဘောင်ဆက် လက်ကမ်းလာခဲ့တဲ့ သရုပ်ဆောင်တွေကို ပယ်ချသင့်ပြီလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာမှာက နည်းနည်းလေး Over လုပ်လိုက်မှ သရုပ်ဆောင်ကောင်းတယ်ဆိုတာမျိုးက အစွဲကြီးကိုဖြစ်နေတာ။ ပယ်ချသင့်ပြီလို့ ကျွန်တော် ထင်ပါတယ်။ သဘာဝကျကျ ပါးပါးလေး လုပ်မယ်ဆိုလည်း ပရိသတ်ရင်ထဲရောက်မယ်လို့ ကျွန်တော်မြင်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Phyo Thet Aung

ဇာတ်လမ်းတွဲသရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်လက်ခံထားတဲ့ ကောင်းမြတ်စံဟာ သူကိုယ်တိုင်ကလည်း သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ 

“ ကျွန်တော်တို့လည်း အရှေ့ကနေလက်ဆင့်ကမ်းလာတဲ့ သရုပ်ဆောင်မှုတွေကို ယူရင်းနဲ့ အစွဲကြီးမဖြစ်အောင် ကြိုးစားနေတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအထဲကို မပါသွားဖို့ ကြိုးစားနေတယ်။ သရုပ်ဆောင်တွေဆိုတာ သရုပ်ဆောင်နေမှန်း မသိတာကိုမှ ပိုကောင်းမယ်ထင်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၅ ရက်နေ့က Tiger Sugar ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။ 

Photo: Osen

ကောင်းမြတ်စံကိုတော့ တီဗီကြော်ငြာ. မဂ္ဂဇင်းကာဗာ.တွေကနေတဆင့် ပရိသတ်တွေ စတင်သတိထားမိလာကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ရင်းက ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချော တစ်ယောက်ဖြစ်လို့နေပါပြီ။လက်ရှိမှာလည်း ကောင်းမြတ်စံ တစ်ယောက် ဇာတ်ကားတွေ ရိုက်ကူးလက်ခံထားတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က