ဗိုလ်ချုပ်ရုပ်ရှင်မှာပါဖို့ ပြင်ဆင်ပြီးမှ မရိုက်လိုက်ရဘူး။

သီဟအောင်ကတော့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ဖို့ အခွင့်အရေးရှိပေမယ့်လည်း လက်လွှတ်လိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါရိုက်တာ လူမင်းကတော့ အားပေးစကားပြောခဲ့ပါတယ်တဲ့။

Photo: Thiha Aung



သရုပ်ဆောင် ကိုကိုဦးရဲ့သား သီဟအောင်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားထဲမှာ ဗိုလ်မင်းခေါင် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် ဒီကာရိုက်တာကို အခု မရိုက်ဖြစ်တော့ဘူးလို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ဗိုလ်ချုပ်ရုပ်ရှင်ထဲမှာ ရဲဘော်သုံးကျိတ်ထဲက အဖွဲ့ဝင် ဘဘဗိုလ်မင်းခေါင်နေရာမှာ သရုပ်ဆောင်ဖို့ ဦးလူမင်းက ကမ်းလှမ်းတယ်။ တစ်ခုဝမ်းနည်းစရာကောင်းသွားတာက ဒီကမ်းလှမ်းချက်ကို လက်ခံပြီးတဲ့အချိန်မှာ တစ်ဖက်ကလည်း 7Sense ကနေရိုက်တဲ့ UMG Leadership သင်တန်းရိုက်ကူးမယ့်ရက်က တိုက်နေတော့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ရမယ့်ဟာကို ဖျက်လိုက်ရတယ်။ အဲဒီအတွက် ကျွန်တော် တော်တော် ဝမ်းနည်းသွားတယ်” လို့ သူကဆိုပါတယ်။

Photo: Thiha Aung

သီဟအောင်ဟာ ဇာတ်ကားမရိုက်ဖြစ်တော့တဲ့ အကြောင်းကို ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးပုံဖော်မယ့် ဒါရိုက်တာ လူမင်းကို ပြောပြလိုက်တဲ့ အချိန်မှာတော့ သူ့ကို အားပေးစကားတောင် ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။

“ဦးလူမင်းကလည်း ဒီဇာတ်ကားကို ရိုက်နေပြီ။ ရိုက်ကူးရေးတွေကလည်း ရွှေ့လို့မရဘူး။ တစ်ဖက်မှာလည်း Team နဲ့ သွားတာဆိုတော့ တကယ်အကျိုးအကြောင်းနားလည်အောင်လို့ပဲ ပြောပြပြီးတော့ ဖျက်လိုက်ရတာ။ ကိုယ့်ရင်ထဲမှာလည်း တကယ်စိတ်မကောင်းဘူး။ တကယ်ကို မော်ကွန်းဝင်မယ့် ဇာတ်ကားကြီးဆိုတော့ အဲဒါကို လက်လွှတ်လိုက်ရတာ လုံးဝ စိတ်မကောင်းပါဘူး” ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။

Photo: Thiha Aung

သီဟအောင် ကို ဗိုလ်မင်းခေါင် ကာရိုက်တာအတွက် လူမင်းက ဘာကြောင့် ရွေးချယ်ခဲ့တယ်ဆိုတာကိုလည်း ပြန်လည်ပြောပြခဲ့ပြန်ပါသေးတယ်။

“ ဦးလူမင်းက ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာကတည်းက လူတွေရှာနေပြီလေ။ အဲဒီမှာ သားရေ ရုံးကို တစ်ချက်လာခဲ့ပါဦးဆိုတော့ သွားလိုက်တာ မိတ်ကပ်တွေဘာတွေ ချက်ချင်းပြင်ပေးလိုက်တော့ လုံးဝ ဘဘဗိုလ်မင်းခေါင်နဲ့ တစ်ထပ်တည်းပဲ။ အဲဒါကြောင့် ရွေးဖြစ်သွားတယ်လည်း ထင်ပါတယ်။ အခု မရိုက်ဖြစ်တော့လည်း ကျွန်တော့်ကို အားပေးစကားပြောပါတယ်။ ဒီကာရိုက်တာ မဟုတ်လည်း တခြားကာရိုက်တာတွေရှိတယ်ပေါ့” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Thiha Aung

ကိုကိုဦးရဲ့သားလေး သီဟအောင်ကို ၂၀၁၈ခုနှစ် အကယ်ဒမီပေးပွဲ ရွှေကြိုကနေ ပရိသတ်တွေ သတိထားမိလာကြတာပါ။ အခုဆိုရင်တော့ သူ့ကို ချစ်ခင် အားပေးတဲ့ အမာခံ ပရိသတ်များစွာကိုလည်း ပိုင်ဆိုင်ခွင့်ရလာပြီဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ရည်မွန်တဲ့ သူ့ရဲ့ပုံစံလေးကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာသူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က