ဗစ်တိုးရီးယားလေးအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

ရဲလေးမဟာ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တာကြောင့် ဒီကိစ္စရပ်တွေဟာ အရမ်းကို အကျည်းတန်လွန်းတယ်လို့ ဆိုပါတယ်။

Photo: Ye Lay Ma



ဟာသသရုပ်ဆောင် တစ်ဦးဖြစ်သူ ရဲလေးမက လက်ရှိဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး သမီးလေးဗစ်တိုးရီးယားအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒီ့အတွက် ကျူးလွန်သူကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးစေချင်ပြီလို့လည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’အဖြစ်ခံရတဲ့ သမီးလေးအတွက်ကလည်း စိတ်မကောင်းဘူး။ ဒါဟာ တစ်နိုင်ငံလုံးခံစားနေရတဲ့ ဒုက္ခပါ။ ဒါပေမယ့် အစ်ကိုတို့က ဥပဒေအကြောင်းအရာတွေကို နားမလည်ပါဘူး။ ဒါပေမယ့် တကယ် တရားခံအစစ်အမှန်ကို ဖော်ထုတ်ပြီးတော့ အရေးယူမယ်ဆိုရင်လည်း ထိထိရောက်ရောက် အရေးယူစေချင်တယ်။ နောက်ဆို ဒီလို သက်ငယ်မုဒိမ်းတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး’’ လို့ သူကဆိုပါတယ်။

Photo: Ye Lay Ma

ဒီအမှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေအနေနဲ့ အားမလို အားမရဖြစ်နေကြတယ်လို့လည်း ရဲလေးမက ပြောပါတယ်။ ဒါပေမယ့် တရားခံ အစစ်အမှန်ပေါ်လာမယ်ဆိုတာ ယုံကြည်တယ်လို့လည်း သူကပြောပါတယ်။

‘’ကာယကံရှင်ကလည်း ကလေး ကလေးကလည်း ဘာမှ မပြောတတ်ဘူး။ အစ်ကိုတို့ထက် သိတဲ့၊ တတ်ကျွမ်းတဲ့ CID က ရဲအရာရှိကြီးတွေ ဖော်ထုတ်တာဖြစ်တဲ့အတွက် အကောင်းဆုံး ဖြစ်လာမှာပါ။ လတ်တလော တရားခံဖမ်းထားတဲ့ ကိစ္စမှာ ပရိသတ်တွေနဲ့ ပဋိပက္ခလေးတွေရှိရင်ရှိမယ် ဒါပေမယ့် အကောင်းဆုံးအဖြေရမယ်လို့တော့ ရဲလေးမ ယုံကြည်ပါတယ်’’ လို့ ဇူလိုင်လ ၇ ရက်နေ့က ‘’နှစ်ပါးသွား Update’’ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Ye Lay Ma

ရဲလေးမ က အခုလို ကိစ္စရပ်မျိုးတွေဟာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံဖြစ်တဲ့အတွက် အရမ်းကို အကျည်းတန်လွန်းတယ်လို့ သူကဆိုပါတယ်။

‘’ အစ်ကိုတို့ အခု တိုးတက်နေတဲ့ခေတ်ကြီးမှာ Sex ကိစ္စနဲ့ပတ်သက်ပြီး မခဲယင်းပါဘူး။ အစ်ကိုတို့ မြန်မာနိုင်ငံမှာလည်း တိုးတက်နေတဲ့ခေတ်ကြီးမှာ ဘာဖြစ်လို့များ အရွယ်မရောက်သေးတဲ့ ကလေးတွေကိုမှ ဒုက္ခပေးချင်ရတာလဲ။ ဖြစ်ချင်တယ်ဆိုရင်လည်း အဲဒီ စိတ်လေးတွေ ထိန်းကြပါ။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဖြစ်တဲ့အတွက် ဒီလိုဟာကြီးက အကျဉ်းတန်စေတယ်။ နိုင်ငံအတွက်လည်း ရုပ်ဆိုးသလို၊ ဘာသာရေးအတွက် ရုပ်ဆိုးစေပါတယ်’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Ye Lay Ma

ရဲလေးမကိုတော့ ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က